လာမည့် ခရီးသွားရာသီ ဆလုံကျွန်းခရီးစဉ် စမည်

0
626

ခရီးသွားရာသီ ပြန်လည် စတင် ချိန်တွင် ဆလုံတိုင်းရင်းသားများ နေထိုင် သည့် ကျွန်းသို့ သွားရောက်လည်ပတ် သည့် ခရီးစဉ်အသစ် ပို့ဆောင်မည်ဖြစ် ကြောင်း မိုးထိပ်ထားခရီးသွား အေဂျင်စီ ထံမှ သိရသည်။

ပျောက်ကွယ်လုနီးပါးဖြစ်သည့် ဆလုံတိုင်းရင်းသားများ နေထိုင်သည့် ဂျလန်းကျွန်းဝန်းကျင်သို့ ပို့ဆောင်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရ သည်။
“ဂျလန်းကျွန်းနား တစ်ဝိုက် သွား ရမှာပါ၊ အဲ့ဒီနေရာရောက်ရင် Snorkeling (အသက်ရှူပိုက် အသုံးပြု ရေငုပ်ခြင်း) လုပ်လို့ရမယ်၊ ဆလုံတိုင်း ရင်းသားတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ရမယ်၊ သူတို့ရဲ့ဓလေ့ကို လေ့လာလို့ရမယ်၊ ၁၀ လပိုင်းဆို စဖွင့် မယ်”ဟု မိုးထိပ်ထား ခရီးသွားအေဂျင်စီမှ Sale & Marketing Director ဦးယဉ်ထွေးက ပြောသည်။

ယခုခရီးစဉ်တွင် အောင်ဘာကျေးရွာ မှတစ်ဆင့်သွားမည့်ဖြစ် ပြီးအနည်းဆုံး တစ်ညအိပ်ခရီးစဉ်ဖြစ်ကြောင်း သိရ သည်။
ဂျလန်းကျွန်းသည် ကော့သောင်း မြို့မ ရေမိုင် ၅၆ မိုင်ခန့် အကွာအဝေး ရှိကြောင်း သိရသည်။
ကော့သောင်းခရိုင်တွင် မြိတ်ကျွန်းစု များအား သွားရောက်လည်ပတ်ရန် ဝန် ဆောင်မှု ပေးနေသည့် ခရီးသွားအေဂျင်စီ ၂၀ ခုရှိကြောင်း သိရသည်။