ဆိုင်ကယ် ဒေသလိုင်စင် လုပ်ပေးရက် ထပ်တိုး

0
731

လိုင်စင်မဲ့ ဆိုင်ကယ်များကို တစ်ပတ် လျှင် တစ်ရက်သာလုပ်ပေးသည့်အစား တစ် ပတ်လျှင် နှစ်ရက်ပြုလုပ်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)ထံမှ သိရသည်။

လက်ရှိအချိန်တွင် ဒေသလိုင်စင် ပြုလုပ် သူများပြားသည့်အတွက် လာလုပ် သူများ အဆင်ပြေစေရန် စက်တင်ဘာလ နောက်ဆုံး အပတ်မှစကာ အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များ (ရုံးပိတ်ရက်မပါ)တွင် လုပ်သွားမည်ဖြစ် ကြောင်း ကညန တိုင်းဒေသကြီး ဦးစီးမှူး က ဆိုသည်။
“လာလုပ်တဲ့ ဆိုင်ကယ် နည်းသွား ရင်တော့ ရက်ပြန်လျှော့သွားမယ်”ဟု ကညန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။

လာမည့်အပတ်တွင်မူ စက်တင် ဘာလ ၂၀ ရက်(ဗုဒ္ဓဟူးနေ့) တစ်ရက် တည်းသာ လုပ်ပေးမည် ဖြစ်သည်။
ထားဝယ်မြို့ရှိ တိုင်းဒေသကြီး ကညန ရုံးတွင် ဒေသလိုင်စင် လာလုပ် သူများပြားသဖြင့် အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းရသည့်အပေါ် ညည်း တွားပြောဆိုမှုများ ရှိသည်။

တစ်ရက်လျှင် အစီးရေ ၃၀၀ ခန့် သာ လုပ်ဆောင်ပေးနိုင်သည့်အတွက် ဒေသလိုင်စင် လာလုပ်သူများအနေဖြင့် ယင်းအစီးရေ အရေအတွက်ကို ခန့်မှန်း ပြီးမှ စောင့်ဆိုင်းလုပ် ဆောင်ရန် ဦးထင်ပေါ်က အကြံပြုသည်။
လိုင်စင်လုပ်ရန် ကညနရုံး အပြင် ဘက်တွင် တန်းစီချိန်၌ ကညနရုံး ဝန်ထမ်းများက ကြပ်မတ် ပေးစေလိုပြီး လူတစ်ဦးကို တစ်ပတ်လျှင် ဆိုင်ကယ် တစ်စီးသာ ခွင့်ပြုပေးစေလိုသည်ဟု ဒေသလိုင်စင်ကို ကိုယ်တိုင်သွား လုပ်ခဲ့ သည့် ထားဝယ်မြို့ သင်္ဘောဆိပ် ရပ်ကွက် နေ အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆို သည်။

“အခုက တန်းစီတဲ့ နေရာကို ပွဲစား တွေလုပ်တဲ့ ဆိုင်ကယ်တွေနဲ့ပဲ ပြည့် နေတယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။
လက်ရှိတွင် ဆိုင်ကယ် ၁၀၄၄ စီး ကို ဒေသလိုင်စင်ပြုလုပ်ပေးခဲ့ပြီး ဖြစ် သည်။