ဗျောက်အိုး၊ မီးရှူး မီးပန်း မရောင်း ရ၊ မပစ်ဖောက်ရ

0
409

ထားဝယ်မြို့နယ်အတွင်း ပြည်သူ များ အထိတ်တလန့် မဖြစ်စေရန်အတွက် ဗျောက်အိုး၊ မီးရှူး မီးပန်း နှင့် ရှူးဒိုင်း များကို ရောင်းချခြင်းမပြုရန်နှင့် ပစ် ဖောက်ခြင်း မလုပ်ရန် ဩဂုတ်လ ကုန် ပိုင်းတွင် ထားဝယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အမိန့် ထုတ်ပြန် လိုက်သည်။

လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများ အထိတ်တလန့် မဖြစ် စေရန် နှင့် အနှောင့်အယှက်မဖြစ်စေရန် ယင်းကဲ့သို့ ဒေသဆိုင်ရာ တည်မြဲအမိန့်ကို ထုတ်ပြန် ခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး က ဆိုသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စည်ပင်၊ ရဲတွေကိုလည်း သတင်းပေးဖို့ ပြောထားတယ်”ဟု မြို့နယ်အုပ်ချုပ်ရေး မှူး ဦးလင်းသန့်က ပြောသည်။
ထားဝယ်မြို့အတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်နှင့် ဈေးများတွင် မရောင်းချရန် သက်ဆိုင်ရာ တာဝန်ခံများကို စောင့် ကြည့်ခိုင်းထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိက ဆိုသည်။

ထုတ်ပြန်ထားသည့် ယင်းအမိန့်ကို ဖောက်ဖျက်ကျူးလွန်ပါက အမြင့်ဆုံး ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၆ လအထိ ကျခံရနိုင်သည်။
သီတင်းကျွတ်ကာလတွင် အထက် ပါ အမိန့်အား ပုံမှန်ထုတ်ပြန် လေ့ရှိပြီး လက်တွေ့တွင် သက်ရောက်မှု အားနည်း သည်။