ထားဝယ်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံမှုရလဒ် ကျေနပ်ဖွယ်မရှိဟု ကျောင်းသားများသမဂ္ဂပြော

0
853

ထားဝယ်တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့နှင့် ယင်းတက္ကသိုလ် ကျောင်းသား များသမဂ္ဂတို့ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်အပေါ်ကျေနပ်မှု မရှိကြောင်း ထားဝယ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အမှုဆောင်အဖွဲ့(ယာယီ)အဖွဲ့ ဝင်များက ပြောသည်။

ကျောင်းတွင်း ရေ၊ လျှပ်စစ်မီးနှင့် အိမ်သာ ကိစ္စ၊ ထားဝယ်တက္ကသိုလ် မဂ္ဂဇင်း ရောင်းချရ ငွေစာရင်းနှင့် ယခု နှစ်အတွင်း အားကစားလှုပ်ရှားမှုများ အတွက် အသုံးပြုခဲ့သည့် ငွေစာရင်း စသည့်တို့ အပါအဝင် အခြားသိရှိလို သည့် မေးခွန်း ၁၁ ခုကို ယင်းဆွေးနွေး ပွဲတွင် မေးမြန်းခဲ့သည်ဟု အဖွဲ့ဝင် ကိုမင်းလွင်ဦးက ပြောသည်။

သမဂ္ဂဘက်က ဆွေးနွေးချက်များ တွင် အဆောင်နေ ကျောင်းသူ ကျောင်းသား များနှင့် ပတ်သက်ပြီး ညနေ ၆ နာရီ အဆောင်ဝင်ရသည့် စည်းကမ်းချက်ကိစ္စ၊ အဆောင်လုံခြုံရေး ကိစ္စနှင့် ကျောင်းသူ ကျောင်းသားများနှင့်သက်ဆိုင်သည့် ကြောင်း ထားဝယ်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ်က ပြောသည်။

ယင်းတွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့က ထားဝယ် တက္ကသိုလ် ပင်မဆောင် အစည်းအဝေး ခန်းမတွင်ပြုလုပ်ခဲ့ပြီး ထားဝယ် တက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ယင်းတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် ထားဝယ် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။