မြိတ်တွင် ရိုးရာမုန့်နှင့် ဒေသထွက် ကုန်ရောင်းမည့် ညဈေးတန်းနှစ်ခု ဖွင့်မည်

0
469

မြိတ်တွင် ရိုးရာမုန့်များနှင့် ဒေသထွက်ကုန်များ ရောင်းချမည့်ညဈေး တန်းနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဖြိုးဝင်း ထွန်းထံမှ သိရသည်။
မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ ကန် ကြီးရေကန်ဘောင်အနီးနှင့် ကန်ကြီး နယ်မြေ၊ ကွက်သစ်ရပ်ကွက်၊ အမှတ် ၄ ကျောင်းဟောင်း နံဘေး မြေကွက်လပ် နေရာတွင် အသီးသီးဖွင့်လှစ်မည် ဖြစ် ကြောင်း ဦးဖြိုးဝင်းထွန်းက ပြောသည်။
တစ်ခုကို လာမည့်စနေနေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကန်ကြီး ရေကန်ဘောင်အနီး ဖွင့်လှစ်မည့် ညဈေး အတွက်မူ စီစဉ်ဆဲဖြစ်ကြောင်း ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။

“ဆိုင်ခန်းက မီးဆင်ပေးမယ်၊ ထီး စီစဉ်ပေးမယ်။ မီးကတော့ ထိုက်သင့် တဲ့မီး ခလောက်တော့ ပေးရမှာပေါ့။ ကျန်တဲ့ ဆိုင်ခန်းခပေးစရာမလိုဘူး”ဟု စီမံ/ဘဏ္ဍာဝန်ကြီးကပြောသည်။
လာမည့် စနေနေ့တွင် စဖွင့်မည့် ကန်ကြီးလမ်းဆုံမှ ညဈေးမှာဆိုင်ခန်း ၂၀ ပါဝင်မည်ဖြစ်ပြီး နောက်ဖွင့်မည့် ကန်ကြီးရေကန်ဘောင်အနီးမှ ညဈေး တွင် ဆိုင်ခန်း ၂၀ သို့မဟုတ် ၃၀ ပါမည် ဟု သိရသည်။

ရောင်းချလိုသူများသည် သက် ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စာရင်းပေးရမည်ဖြစ်ပြီး ရပ်ကွက်အ တွင်းရှိ အလုပ်အကိုင် လိုအပ်သူများ ကို ဦးစားပေးပြီး နေရာပေးခိုင်းထား ကြောင်း ဦးဖြိုးဝင်းထွန်းက ပြောသည်။
“ရောင်းမှာပေါ့။ ဒီလိုမျိုးလုပ်ပေး တဲ့အတွက် ကောင်းတာပေါ့။ တစ်နေရာ တည်းမုန့်အစုံနဲ့ ရောင်းပေးတယ်ဆိုတော့ ဝယ်စားတဲ့သူတွေလဲ အဆင်ပြေမယ်။ သီးသန့်လျှောက်ဝယ် စားစရာ မလိုဘူး ပေါ့။ ဆိုင်ခန်းခလည်း မပေးရဘူး ဆိုတော့ မီးဖိုးလောက်ပဲပေးရမှာဆိုတော့ တအား အဆင်ပြေတာပေါ့”ဟု မြစ်ငယ် ဈေးတွင် မြိတ်ဒေသရိုးရာ လက်လုပ် မုန့်များ ရောင်းချနေသော ဒေါ်မကြည်က ပြောသည်။

မြိတ်တွင် ဒေသရိုးရာမုန့် အမျိုး အစား ၁၀၀ ခန့်ရှိသော်လည်း လက်ရှိ တွင် မုန့်အမျိုးအစား၂၀ခန့်သာ ပြု လုပ်လျက် ရှိပြီး ကျန်ရှိသည့်မုန့်များမှာ ပြုလုပ် သူမရှိသည့်အတွက် ပျောက် ကွယ်နေပြီဖြစ်ကြောင်း ဒေါ်မကြည်က ပြောသည်။