မွန်အမျိုးသားကျောင်းများ အကူအညီတောင်းက ပြည်နယ်အစိုးရကူရန် အသင့်ဟုဆို

0
416

မွန်ပြည်သစ်ပါတီ အမျိုးသားပညာ ရေးဌာနကွပ်ကဲမှုအောက်တွင် ရှိနေ သည့် မွန်အမျိုးသားပညာရေး ကျောင်း များ အကူအညီတောင်းခံ လာပါက ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကူညီ ပေးရန် အဆင်သင့်ရှိသည်ဟု မွန်ပြည် နယ်ဝန်ကြီးချုပ်က ပြောသည်
စက်တင်ဘာ ၁၁ ရက်က ကျင်းပ ခဲ့သည့် ပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့ နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး ၏ မွန်အမျိုးသားကျောင်းများကို ကူညီ ထောက်ပံ့ပေးရန်ရှိမရှိ မေးခွန်းအပေါ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ အစိုးရအဖွဲ့ကိုအကူအညီတောင်းခံ ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ စိတ်စေ တနာကောင်းစွာနဲ့ ကူညီပေးဖို့အဆင် သင့်ရှိပါတယ်”ဟု မွန်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာအေးဇံကပြောသည်။
လက်ရှိမွန်ပြည်နယ်အတွင်းမွန်၊ ကရင်၊ ပအိုဝ်းစသည့် တိုင်းရင်းသား စာပေကိစ္စနှင့် ပတ်သက်ပြီး အားရ စရာမရှိ သေးသည့်အပြင်မွန်စာကို အဓိက သင် ကြားနေသည့် မွန်အမျိုးသား ကျောင်းများသည်လည်း အလွန်အားနည်း နေသည့် အနေအထားအပေါ် ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ကူညီထောက်ပံ့မှု ဆောင်ရွက်ပေးသင့်သည်ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

“တိုင်းရင်းသားတွေကို ထောက် ပံ့ဖို့ သတ်မှတ်လျာထားတဲ့ ဘဏ္ဍာရန်ပုံ ငွေကနေ မွန်အမျိုးသားကျောင်းအချို့မှာ လိုအပ်နေတဲ့ အဆောက်အအုံပိုင်းဆိုင် ရာကိုဖြစ်စေ၊ ကျောင်းသုံးသင် ထောက် / ကူ ပစ္စည်းများကိုဖြစ်စေ ဝယ်ယူဆောင် ရွက်နိုင်ဖို့ ထိုက်သင့်တဲ့ ဘဏ္ဍာငွေကြေး တွေကို ကူညီထောက်ပံ့သင့်တယ်လို့ မြင်တယ်”ဟု ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။
မွန်အမျိုးသား ပညာရေးကော် မတီ(MNEC )အနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် မွန်အမျိုးသား ကျောင်းများ လိုအပ်သည့် ကျောင်း ထောက်ပံ့ကြေး၊ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာနှင့် သူငယ်တန်း ဖတ်စာ အုပ်များ ကူညီထောက်ပံ့ပေးရန် တင်ပြ တောင်း ခံထားပြီးလက်ရှိတွင် ကျောက်သုံး စာအုပ် ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံ များသာရရှိသေးကြောင်း မွန်အမျိုးသား ပညာရေး ကော်မတီ တာဝန်ခံ မင်းအောင် ဇေက ပြောသည်။

မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲ မှုအောက်ရှိ မွန်အမျိုးသား ကျောင်းများ သည် ဘာသာစကား အခြေပြုသင်ကြား ရေးစနစ်ကို သင်ကြားခြင်းဖြစ်ပြီး အလှူရှင်တို့၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်လျက်ရှိသည်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မွန်အမျိုးသားပညာရေးကျောင်း ၁၃၃ ကျောင်း ရှိပြီး ကျောင်းသူ / ကျောင်းသား ၁သိန်း ၇ သောင်းကျော်ရှိကာ ကျောင်းဆရာ ၈၀၀ နီးပါးတို့က ပညာသင်ကြားပေး လျက်ရှိသည်ဟု မွန်အမျိုးသားပညာ ရေးကော်မတီ MNECထံမှ သိရသည်။