ထားဝယ်လယ်သမားများ ဆန္ဒပြမည့်နည်းလမ်း ရွေးချယ်

0
486

ထားဝယ်မြို့ မြို့ပြ စီမံကိန်းမြေ ဧရိယာအတွင်း ဖြစ်ပွားနေသည့် လယ် ယာမြေပြဿနာအား ၅ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး အဖြေရှာရန် တောင်းဆိုထား သည့် လယ်သမားများ လမ်းပေါ်တက် ဆန္ဒထုတ်ဖော်မည့်လမ်းကို ရွေးချယ် လိုက်ပြီ ဖြစ်သည်။
တိုင်းအစိုးရအဖွဲ့အား တောင်းဆို ထားသည့် အချက်များ ပြုလုပ်ပေး နိုင်ခြင်း ရှိ /မရှိကို အချိန်လွန်သည်အထိ မည်သည့် ပြန်ကြားချက်မှ ရောက်မလာ သည့်အတွက် လယ်သမားများဘက်မှ ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင် တောင်သူလယ်သမား သမဂ္ဂမှ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။

“ပြည်သူလူထုဆန္ဒကို လမ်းပေါ် ထွက် အော်မှပဲ ရတော့မယ်၊ စာနဲ့ပေနဲ့ အော်နေလို့ မရတော့ဘူးလေ”ဟု ဒေါ်ရီရီထွေး က ပြောသည်။
ဆန္ဒထုတ်ဖော်မည့်ရက်ကိုမူ မဆုံး ဖြတ်ရသေးဟု သိရသည်။
၅ ပွင့်ဆိုင် တွေ့ဆုံရေး ရက်အတိ အကျ သတ်မှတ်ပေးရေး အပါအဝင် လယ်ယာ မြေသိမ်းဆည်းခံ လယ်သမား များအပေါ် တရားစွဲ ဆိုထားသော ပုဒ်မများ ပယ်ဖျက်ပေးရန်၊ ပြဿနာဖြစ်နေသည့် သိမ်းဆည်းမြေယာပေါ် လုပ်ငန်းအကောင် ထည်ဖော် ဆောင်နေမှုများ ရပ်တန့်ပေး ရန် တောင်းဆိုချက်အား ဆောင်ရွက်ပေး နိုင်ခြင်း ရှိ/မရှိ စက်တင်ဘာလ ၁၃ ရက် နောက်ဆုံးထား အကြောင်းပြန်ရန် ထားဝယ်ခရိုင် တောင်သူလယ်သမား သမဂ္ဂက တိုင်းအစိုးရအဖွဲ့သို့ စက်တင်ဘာလ ၁ ရက်နေ့က စာပို့ခဲ့သည်။

သို့သော် စက်တင်ဘာလ ၁၅ ရက် ညနေအထိ တိုင်းအစိုးရအဖွဲ့ဘက်မှ မည်သည့် ပြန်ကြားချက်မှ ရောက်မလာ သေးဟု ဒေါ်ရီရီထွေးက ပြောသည်။
လယ်သမားများဘက်မှ ထားဝယ် မြေယာပြသနာများကို ၅ ပွင့်ဆိုင် တွေ့ဆုံ ဖြေရှင်းရန် လွန်ခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့မှစတင်ကာ သဘောထားထုတ် ပြန်ခြင်း၊ စာပို့တောင်း ဆိုခြင်းများ ပြု လုပ်ခဲ့သည်။
လယ်သမားများ တောင်းဆိုသည့် ၅ ပွင့်ဆိုင်တွင် အစိုးရတာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ တတ်သိ ပညာရှင်များ၊ အာဏာရပါတီ တာဝန်ရှိ သူများ၊ တောင်သူလယ်သမား ကိုယ် စားလှယ်များ ပါဝင်သည်။

တိုင်းအစိုးရအဖွဲ့မှ သဘောတူ တွေ့ဆုံမည်ဖြစ်ပြီး လိုအပ်သည့်အချက် များကို ပြင်ဆင်ညှိနှိုင်းသွားမည်ဟု တိုင်းဒေသကြီး ဝန်ကြီး ဦးမြင့်စန်းက ဩဂုတ်လ ၁၁ ရက်တွင် ပြောခဲ့ဖူးသည်။
သို့သော် နေ့ရက်တိကျစွာ သတ် မှတ်ခြင်း မရှိသေးပေ။

ထားဝယ် မြို့ပြ စီမံကိန်း ဧရိယာ အတွင်း တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်နေသည့် ဌာနများ၊ ကုမ္ပဏီများနှင့် ထားဝယ် လယ်သမားများ ထိပ်တိုက်တွေ့ အ ခင်း ဖြစ်မှုများကြောင့် လယ်သမားအချို့ ထောင်ကျခံခဲ့ရခြင်း၊ လက်ရှိအမှု ရင်ဆိုင် နေရခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
ထားဝယ်ခရိုင် လယ်သမားများ သည် ယခင်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၃ခုနစ်နှင့် ၂၀၁၄ ခုနှစ် တို့တွင် လယ်ယာမြေအရေးအတွက် စီတန်းလှည့်လှည် ဆန္ဒပြပွဲ ၃ ကြိမ် ပြုလုပ်ဖူးသည်။