မသန်စွမ်းသူများ ပညာရေးကော လိပ်ဝင်ခွင့် လျှောက်ထားနိုင်ပြီ

0
394

ယခုပညာသင်နှစ်တွင် မသန်စွမ်း သူများ ပညာရေးကောလိပ် ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း ထားဝယ် ပညာရေးကောလိပ် တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
ယခင် အရည်အချင်းသတ်မှတ် ချက်များအနက် “ကျန်းမာသန်စွမ်းပြီး ဆရာတစ်ဦး၏ အသွင်အပြင် အင်္ဂါရပ် နှင့် ပြည့်စုံရမည်” ဟူသည့် သတ်မှတ် ချက်ကို ယခုပညာသင်နှစ်တွင် ပယ် ဖျက်ထားကြောင်း ထုတ်ပြန်ထား သည့် ဝင်ခွင့် အရည်အချင်း သတ်မှတ်ချက် ညွှန်ကြားစာများအရ သိရသည်။
“ဘယ်သူမဆို လျှောက်လို့ ရတယ်။ ရမရဆိုတာကတော့ ရွေးချယ် မှုပေါ်မှာ မူတည်တယ်။ အဓိကတော့ အမှတ်နဲ့ ဖြတ်တာ”ဟု ထားဝယ် ပညာရေး ကောလိပ်ကျောင်းအုပ် ဆရာမကြီး ဒေါ်နီနီသန်းက ပြောသည်။

ယခုကဲ့သို့ ဝင်ခွင့်သတ်မှတ်ချက် လျှော့ချပေးခဲ့သဖြင့် မိမိငယ်စဉ်ကတည်း က ဝါသနာပါခဲ့သည့် ကျောင်းဆရာမကို အကောင်အထည်ဖော်နိုင်တော့မည် ဖြစ် သောကြောင့် အတိုင်းမသိပျော်ရွှင်မိ ကြောင်း မေတ္တာမြို့နေအသက် ၂၀ အရွယ် မသန်စွမ်းမိန်းကလေးတစ်ဦးက ပြောသည်။
“ကျွန်မ အဲဒီသတင်းကြားတုန်းက ပျော်လွန်းလို့ သူငယ်ချင်းနှစ်ယောက် ကတောင် ကမိသေးတယ်”ဟု ၎င်းက ဆိုသည်။
ထားဝယ်ပညာရေးကောလိပ်တွင် လက်ရှိ ပညာသင်ယူနေသော ကျောင်း သား၊ကျောင်းသူ ၃၅၀ ဝန်းကျင်ခန့်ရှိ သောကြောင့် အများဆုံး ကျောင်းသူ၊ ကျောင်းသား အသစ် ၂၀၀ ဦးခန့်သာ ဝင်ခွင့်ရရှိမည်ဖြစ်ကြောင်း ဒေါ်နီနီသန်း က ပြောသည်။

ပညာရေးကောလိပ်ဝင်ခွင့်လျှောက် လွှာများကို ထားဝယ်ပညာရေးကော လိပ်တွင် ထုတ်ယူနိုင်ပြီး စက်တင်ဘာလ ၂၉ ရက်နေ့ နောက်ဆုံးထားလျှောက်ထား ရမည်ဖြစ်ကြောင်း သိရသည်။