ဇီဝလောင်စာနှင့် စီးပွားရေးအရ စိန်ခေါ်မှုများ

0
961

အခုတစ်လော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်တဲ့ ဇီဝလောင်စာတွေကို သုံးပြီး လျှပ်စစ်ထုတ်ဖို့ ကျယ်ကျယ် လောင်လောင် ပြောဆိုနေကြတာ တွေ့ရ ပါတယ်။ ဒါကြောင့် ဇီဝလောင်စာနဲ့ ပတ်သက်ပြီး ထိတွေ့ပတ်သက် လေ့လာ သိရှိရသမျှကို ပြန်လည် မျှဝေလိုပါ သည်။
ဇီဝလောင်စာတွေကို အငွေ့၊ အရည်၊ အခဲဆိုပြီး ယေဘုယျအားဖြင့် သုံမျိုး ခွဲခြားပြီး တင်ပြဆွေးနွေးသွားပါမယ်။

၁။ အငွေ့
မြန်မာပြည်မှာ ကြက်၊ ဝက်၊ နွားခြံ တွေက ထွက်တဲ့ချေးနဲ့ စွန့်ပစ်ပစ္စည်း တွေကို ပိတ်လှောင်ပြီး ထွက်လာတဲ့ ဇီဝဓာတ်ငွေ့ကို လျှပ်စစ်ထုတ်ဖို့ သုံးကြ ပါတယ်။ နိုင်ငံတော် လျှပ်စစ်မရတဲ့ မွေးမြူရေးခြံအချို့မှာ ဒီစနစ်နဲ့ လျှပ်စစ် ထုတ်သုံးကြတာ ရှိပါတယ်။ တနင်္သာရီ တိုင်းမှာတော့ ကော့သောင်းမြို့ ၇ မိုင် “တိုးတက်အောင်” ကြက်ခြံ တစ်ခြံတည်း ပဲ ရှိပါတယ်။ ကိုယ်တိုင်သွားရောက် လေ့လာကြည့်တဲ့အခါ ဇီဝဓာတ်ငွေ့ နည်းပညာကို စနစ်တကျ အကျိုးရှိရှိ သုံးထားတာ တွေ့ရပါတယ်။ ဥစားကြက် အကောင် လေးသောင်းခွဲ မွေးထားပြီး ထွက်သမျှ ကြက်ချေးနဲ့ ၂၀၀ ကီလိုဝပ် စက်ကို တစ်နေ့ ၇ နာရီ လည်ပတ်နေပါ တယ်။ လွန်ခဲ့တဲ့ ၈နှစ်ခန့်က ဇီဝဓာတ်ငွေ့ စနစ်ကို စတင် တည်ဆောက်အသုံးပြို ခဲ့ပြီး ကျပ်သိန်း တစ်ထောင်ခန့် ကုန်ကျ ကြောင်း သိရပါတယ်။ လက်ရှိ ဒီဇယ်ဖိုး တစ်နေ့ ကျပ် ၃သိန်းခန့် သက်သာတယ် လို့ ဆိုပါတယ်။
ကျေးရွာအချို့မှာတော့ ဆန်စက် ကထွက်တဲ့ ဖွဲကိုသုံးပြီး လျှပ်စစ်ထုတ် ကြပါတယ်။ တစ်နိုင်တစ်ပိုင် ၅၀-၃၀၀ ကီလိုဝပ် ဖွဲစက်တွေကို အသုံးများပါ တယ်။ အခုနောက်ပိုင်းမှာ ဖွဲစက်က ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို ထိန်းချုပ် မှု အားနည်းလို့ ကန့်ကွက်ခံရတဲ့အတွက် အတော်များများ ပိတ်ပစ်ခဲ့ရပါတယ်။

၂။ အရည်
ဇီဝ လောင်စာရည်ဖြစ်တဲ့ ကြက် ဆူ ဘိုင်အိုဒီဇယ်နဲ့ လျှပ်စစ်ထုတ်ဖို့ဆိုတဲ့ စီမံချက်ကြီးကတော့ မြန်မာပြည်ကို တော်တော် ရိုက်ခတ် ခဲ့ဖူးပါတယ်။ ကြက်ဆူစိုက်ဖို့ ခေါင်းစဉ်တပ်ပြီး မြေ လွတ်မြေရိုင်းတွေ၊ သစ်တောမြေနဲ့ ဘိုး ဘွားပိုင်မြေတွေကို မောင်ပိုင်စီး ကြတယ်။ အဲဒီက စခဲ့တဲ့ မြေယာပြဿနာတွေဟာ ယနေ့အချိန်အထိ ရှင်းလေ ရှုပ်လေ ဖြစ် နေတာ အားလုံး အသိပါ။
အဲဒီခေတ်က ကြက်ဆူဘိုင်အို ဒီဇယ်ကို စိတ်ကူးယဉ်ခဲ့တာ မြန်မာ အစိုးရချည်းတော့ မဟုတ်ဘူး။ ထိုင်း ဘုရင်မင်းမြတ်လည်း ပါတယ်။ ဒါပေမဲ့ ထိုင်းဘုရင်ကတော့ စိုက်ပျိုးရေးနဲ့ စက် မှုပညာရှင်တွေကို ခေါ်ယူပြီး သုတေ သနလုပ်ခိုင်းတယ်။ သိပ်အဆင်မပြေ သေးလို့ ကြီးကြီးကျယ်ကျယ် မလုပ်ဖြစ် တော့ဘူး။ အနာဂါတ်ကာလမှာ လောင် စာ ရှားပါးလာတဲ့အခါ သုံးနိုင်အောင် အဆင်သင့် လုပ်ထားတယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ ကိုယ်တိုင်လည်း ကြက်ဆူဆီ၊ ဆီအုံးဆီအကြမ်းတွေသုံးပြီး လျှပ်စစ်ထုတ်ဖို့ ကိုးရီးယား ပညာရှင် အဖွဲ့နဲ့ ပူးပေါင်း ကြိုးစားဖူးပါတယ်။ ဆီအကြမ်းတွေကို ဓာတုပစ္စည်းတွေနဲ့ ရောစပ်ပြီး စမ်းသပ်တာ စီးပွားဖြစ် မအောင်မြင်ပါဘူး။ အဆင့်နိမ့်တဲ့ ဒီဇယ် ဟာ အင်ဂျင်ကို ဒုက္ခပေးပါတယ်။ ဒီဇယ် ဖိုး သက်သာမှုဟာ စက်ပြင်ဆင် စရိတ်ကို မကာမိပါဘူး။ ဒါကြောင့် ဘိုင်အိုဒီဇယ် ဆိုတာကို မသုံးရဲကြတာ ဖြစ်ပါတယ်။ စွန့်ပစ် ပလပ်စတစ်၊ တိရစ္ဆာန်အဆီနဲ့ စားကြွင်းစားကျန်တွေကနေပြီး လောင်စာ ဆီဖြစ်အောင် ချက်လုပ်တဲ့ နည်းပညာ ကတော့ အလှမ်းဝေးနေပါသေးတယ်။

၃။ အခဲ
ဇီဝလောင်စာ အခဲတွေဖြစ်တဲ့ သစ် တိုသစ်စ၊ စိုက်ပျိုးရေးသီးနှံ၊ စပါးခွံ၊ အမှိုက်၊ ရော်ဘာပင်၊ ကြံကြိတ်ဖတ် စတာတွေကို လောင်စာအဖြစ် မီးရှို့၊ တာဘိုင်လည်ပြီး လျှပ်စစ်ထုတ်တာ ဖြစ် ပါတယ်။
ထိုင်းနိုင်ငံမှာတော့ ၂၀၁၆ နှစ်ဦး ပိုင်းအထိ ဇီဝလောင်စာသုံး လျှပ်စစ် စက်ရုံပေါင်း ၁၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ ၁ မဂ္ဂါဝပ်ကနေ ၁၀ မဂ္ဂါဝပ်အထိ ဆိုဒ်အစုံရှိပြီး ထွက်သမျှ လျှပ်စစ်တွေကို ထိုင်းအစိုးရက နှစ်ရှည် စာချုပ်နဲ့ ပြန်ဝယ်ပေးပါတယ်။ ယခင် က တစ်ယူနစ် ၃.၁၆ ဘတ်နဲ့ ဝယ် သော်လည်း ၂၀၁၅ နှစ်ကုန်ပိုင်း ကစပြီး တစ်ယူနစ် ၄.၅၄ဘတ်နဲ့ ဝယ်ယူပေးလျက် ရှိပါတယ်။ ထိုင်းမှာ တစ်နေ့လုပ်အားခ ဘတ် ၁၅၀ ကနေ ၃၀၀ ဖြစ်လာခြင်း၊ သစ်ဖြတ်စ တစ်တန် ဘတ်၇၀၀ ကနေ ၁၂၀၀ ခန့်အထိ ဈေးတက်လာခြင်း တို့ကြောင့် အစိုးရက တိုးပေးခဲ့တာလို့ သိရပါတယ်။ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်တဲ့အတွက် ထိုင်း လျှပ်စစ် ဌာနက အရှုံးခံပြီး ဝယ်ယူပေးတာပါ။ သူတို့နိုင်ငံမှာတော့ သစ်ဖြတ်စနဲ့ စွန့်ပစ် လောင်စာ များများရနိုင်တဲ့ စက်မှုဇုန် တွေနဲ့ တွဲလုပ်ကြပါတယ်။
ဇီဝလောင်စာ နည်းပညာ အသစ် အဆန်းအချို့ ထပ်ပေါ်နေတယ် ဆိုပေမဲ့ စီးပွားရေးအရ တွက်ခြေမကိုက်ဘဲ ဓာတ်ခွဲခန်းထဲမှာသာ အဆင်ပြေတာ တွေ့ရပါတယ်။

ဖြစ်နိုင်ခြေ ဆန်းစစ်မှု
၂၀၁၄ ခုနှစ်က ထိုင်းလျှပ်စစ်ဌာနရဲ့ စီစဉ်ပေးမှုအရ Lamphu စက်မှုဇုန်မှာ ရှိတဲ့”9.9 MW Sahacogen Biomass Power Plant” ကို စာရေး သူနဲ့ PTC တာဝန်ရှိသူများ သွားရောက်လေ့လာခဲ့ ပါတယ်။ ဒီဇယ်နေရာမှာ ဇီဝလောင်စာနဲ့ အစားထိုးနိုင်ရေးအတွက် အသေးစိတ် မှတ်သားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဖိတ်ခေါ်မှုအရ သူတို့ဆီက အဖွဲ့တစ်ဖွဲ့ လာရောက်ပြီး တနင်္သာရီတိုင်းမှာ ဇီဝ လောင်စာသုံး လျှပ်စစ်စက်ရုံတည် ဆောက်ဖို့ ဖြစ်နိုင်ခြေ ရှိ /မရှိ ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှု လာလုပ်ပါတယ်။
ဇီဝလောင်စာ ပညာရှင်တွေ မေးတဲ့ မေးခွန်းတွေက
-သစ်တိုသစ်စ၊ ရော်ဘာပင်အိုတွေ များများ ရနိုင်သလား။
-တန်ရာချီကျတဲ့ စပါးကြိတ် စက်၊ သကြားစက်တွေ ရှိသလား။
-ဆီအုန်းကြိတ်ဖတ်၊ အုန်းသီးအခွံ များများ ရနိုင်သလား။
-အကြီးမြန်တဲ့ ထင်းပင်၊ မြက် ပင် စိုက်ပျိုးဖို့ အစိုးရက မြေများများ ပေးနိုင်သလား။

ပညာရှင်တွေရဲ့ မေးခွန်းတွေကို ပြန်သုံးကြည့်တဲ့အခါ..
– သစ်တိုသစ်စ၊ ရာဘာပင်အိုတွေ ရှိတယ်။ ဒါပေမဲ့ ထမင်းဟင်းချက်ဖို့ မလောက်လို့ ဒီရေတောတွေပါ ခုတ်ပြီး သုံးနေရတာ အားလုံး အသိပါ။
-ဆီအုန်းတောကြီးတွေ ပေါပါ တယ်။ ကော့သောင်းက ယုဇန ဆီအုန်း ကြိတ်စက်ရုံကို စာရေးသူကိုယ်တိုင် သွားလေ့လာ ကြည့်ပါတယ်။ သူတို Y စက်ရုံကထွက်တဲ့ ဆီအုန်းကြိတ်ဖတ်ဟာ သူတို့စက်ရုံ လျှပ်စစ်အတွက် လည်ဖို့ တောင် မလောက်ပါဘူး။ ဒါကြောင့် ဒီဇယ်စက်နဲ့ ဝင်ကူနေရတာ တွေ့ရပါ တယ်။
-အုန်းသီးခွံတွေ များများ ရနိုင်ဖို့ အတွက် အုန်းနို့ဗူးစက်ရုံ မရှိဘူး။ ထိုင်း ကို အလုံးလိုက် ပို့တယ်။ အုန်းသီး အသားထုတ် ပွဲရုံတွေကထွက်တဲ့ အုန်းသီး အခွံကိုတော့ ရနောင်းဘက်ကိုလှေနဲ့ သီးသန့်ပို့တာ ရှိပါတယ်။
-သစ်ဖြတ်စတွေ ထုတ်နိုင်တဲ့ ကြီး မြန်အပင်တွေ စိုက်ပျိုးဖို့အတွက် အစိုးရ ဆီက မြေတောင်းဖို့ ဆိုတာကတော့ မဖြစ်နိုင်တဲ့အကြောင်း၊ အစိုးရအဆောက် အအုံ ဆောက်ဖို့တောင် နေရာမရှိလို့ အခက်တွေ့နေတဲ့အကြောင်း ပြန်ပြောရ ပါတယ်။

အားသာချက် အားနည်းချက်
ဇီဝလောင်စာဟာ “အမှိုက်ကင်းစင် စွမ်းအင်လည်းရ” ဆိုတဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ တကယ် ရင်းနှီးမြှုပ်နှံမယ့်သူရှိရင် ကြို ဆိုရမှာ ဖြစ်ပါတယ်။ စက်အထွက် ကျပ် ၁၈၀-၂၀၀ လောက်နဲ့ ထုတ်ပေးနိုင်မယ် ဆိုရင် ဝယ်ပြီး ဖြန့်မယ့်သူကလည်း အဆင်သင့် ရှိနေပါတယ်။ ဒီလုပ်ငန်းဟာ ရင်းနှီးမြှုပ်နှံမှုများပြီး အရင်းပြန်ရချိန် ကြာမြင့်နိုင်တဲ့အတွက် အစိုးရရဲ့ ပံ့ပိုးမှု များစွာ လိုအပ်ပါတယ်။ ဇီဝလောင်စာသုံး လျှပ်စစ်စက်ရုံတွေကို အခြေအနေအရ လောလောဆယ် မတည်ဆောက်နိုင် သေး ရင်တောင်မှ မကြာမီကာလမှာ ထိုင်းနိုင်ငံ မှာလို နေရာအနှံ့ တည်ဆောက်လာနိုင် အောင် အစိုးရက အခြေအနေတွေ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။

ဇီဝလောင်စာနဲ့ လျှပ်စစ်ထုတ်ဖို့ စဉ်းစားတဲ့အခါ..
ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်းနဲ့ မဂ္ဂါဝပ်များများ တည်ဆောက်လို့ မရ ခြင်းဆိုတဲ့ အားနည်းချက် နှစ်ခုရှိနေပါ တယ်။
ထုတ်လုပ်မှုစရိတ်အနေနဲ့ တစ်ယူ နစ် ကျပ် ၁၇၀-၂၀၀ ဝန်းကျင် ကျသင့် ပါတယ်။ နောက်တစ်ချက်က မဂ္ဂါဝပ် ထက်ကြီးသွားပြီဆိုရင် လောင်စာ အဆက်မပြတ်ရဖို့ အခက်အခဲရှိသွားပါ တယ်။

အကြမ်းအားဖြင့် ၁ မဂ္ဂါဝပ်အတွက် ထင်း/လောင်စာ တစ်နေ့ တန် ၃၀ကျော် လိုအပ်ပါတယ်။ ၁၀ မဂ္ဂါဝပ် စက်ရုံ ဆိုရင် တစ်နေ့ တန် ၃၀၀ကျော် လိုအပ် ပါတယ်။ ဇီဝလောင်စာကို ဘွိုင်လာ စနစ်နဲ့ သုံးတဲ့အခါ ဒီဇယ်အင်ဂျင်လိုမျိုး ပိတ်လိုက် ဖွင့်လိုက်၊ တင်လိုက် လျှော့ လိုက် လုပ်လို့ မရပါဘူး။ ဘွိုင်လာ စက်ပိတ်ပြီး ပြန်ဖွင့်ရင် ၁၀နာရီခန့် ကြို တင်မီး ထိုးထားရတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းအတွက် အမှိုက် ကိုသုံးပြီး လျှပ်စစ်ထုတ်မယ် ဆိုရင် အမှိုက်တန်ချိန်ရာနဲ့ချီပြီး ရနိုင်/မရနိုင် ကြိုတင် တွက်ချက်ရပါမယ်။ ရန်ကုန် မြို့မှာ ဆောက်ထားတဲ့ စွန့်ပစ်အမှိုက်သုံး ဓာတ်အားပေးစက်ရုံတောင် ၁ မဂ္ဂါဝပ် မပြည့်ပါဘူး။ ဒီလိုအားနည်း ချက်တွေ ရှိလို့ ဇီဝလောင်စာကို ပင်မဓာတ် အားထုတ်စက်အဖြစ် သုံးလေ့မရှိဘဲ အရန် အင်အားအဖြစ်သာ သုံးကြတာပါ။
ပြီးခဲ့တဲ့လကလည်း ဝါးစိုက်ပျိုးပြီး ဇီဝလောင်စာသုံး လျှပ်စစ်စက်ရုံတည်မယ့် အမေရိကန်ကုမ္ပဏီတစ်ခုက ပဲခူးတိုင်း အစိုးရအဖွဲ့ထံ လာရောက်ဆွေးနွေး တယ်လို့ သိရပါတယ်။ စက်ထွက် တစ်ယူနစ် ကျပ်၂၀၀ ကျသင့်ပြီး ဝါး စိုက်ဖို့ မြေကိုပါ ရှာပေးရမှာ ဖြစ်တဲ့ အတွက် အလုပ်မဖြစ်ကြဘူးလို့ ဆိုပါ တယ်။
အားလုံးကို ပြန်ချုပ်လိုက်ရင်..

တနင်္သာရီတိုင်းမှာ ဈေးနှုန်းအရ ဒီဇယ်ထက် အနည်းငယ် သက်သာတဲ့ အားသာချက်ရှိသော်လည်း လောင်စာ ကုန်ကြမ်းရရှိဖို့ ခက်ခဲနေဆဲပါ။ လောင် စာ အဆင်ပြေနိုင်တဲ့ အထက်မြန်မာ ပြည်မှာ ကျပြန်တော့လည်း (၃၅ / ၁၀၀ /၁၅၀နဲ့ လျှပ်စစ်ရနေတော့) တစ်ယူနစ် ၂၀၀လောက်ကျသင့်မယ့် ဇီဝလောင်စာကို စိတ်မဝင်စားကြဘူး။

ဒီလို စိန်ခေါ်မှု အခက်အခဲတွေ ရှိနေတာကြောင့် ဇီဝလောင်စာကို မြန် မာပြည်မှာ မလုပ်ကြတာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်အချိန် ဇီဝလောင်စာသုံး လျှပ်စစ်စက်ရုံတွေ ထွန်းကားလာမလဲ မေးစရာရှိပါတယ်။
အဖြေက ရှင်းပါတယ်။ စီးပွားရေး အရ တွက်ခြေကိုက်ရင် လုပ်ကြလိမ့်မယ်။
နိုင်ငံတော်ဓာတ်အားခဟာ ဇီဝ လျှပ်စစ် ထုတ်လုပ်စရိတ် ကျပ်၂၀၀ နဲ့ နီးစပ်တဲ့အခါတွင်ဖြစ်စေ၊ အစိုးရက အထောက်အပံ့ လုပ်ပေးနိုင်တဲ့အခါ တွင်ဖြစ်စေ ဇီဝလောင်စာသုံးလျှပ်စစ် စက်ရုံတွေ အများအပြား ပေါ်လာလိမ့် မယ်လို့ ယုံကြည်မိပါတယ်။