မြိတ် အသေးစားအလတ်စား စက်သုံးဆီအရောင်းဆိုင်များ ဒေသလိုင်စင်လုပ်ပေးရန် လိုလား

0
470

မြိတ်ခရိုင်အတွင်းရှိ အသေးစား အလတ်စား စက်သုံးဆီ(ဒီဇယ်၊ ဓာတ် ဆီ) အရောင်းဆိုင်များအား ဒေသလိုင်စင် ပြုလုပ်ပေးစေလိုကြောင်း ယင်းစက်သုံး ဆီအရောင်းဆိုင်များမှ သိရသည်။
သတ်မှတ်စည်းကမ်းချက် ၁၇ ချက် အား စက်သုံးဆီဆိုင်ကြီးများသာ ပြည့်မီ အောင်လုပ်နိုင်သည့်အနေအထား ဖြစ်နေ ပြီး စက်သုံးဆီ အရောင်းဆိုင်ငယ်များ အတွက် သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန် အခက် အခဲ ရှိသည့်အတွက် ယင်းသို့ ဒေသလိုင် စင် ပြုလုပ်ပေးစေလိုခြင်း ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်တစ်ချို့ထံမှ သိရသည်။

“ရောင်းချခွင့်ပိတ်တာမျိုးတော့ မလုပ်စေချင်ဘူး”ဟု ကျောက်ဖျာရွာရှိ စက်သုံးဆီဆိုင်ရှင် ဒေါ်သန်းသန်းယုက ပြောသည်။
ယင်းကဲ့သို့ စက်သုံးဆီ အရောင်း ဆိုင်များ၏ ကြုံတွေ့နေရသည့် အခက် အခဲနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် စက်သုံး ဆီ ရောင်းချခြင်းဆိုင်ရာ အလုပ်ရုံ ဆွေး နွေးပွဲတစ်ခုကို စက်တင်ဘာလ ၁၂ ရက် က မြိတ်မြို့ကမ်းနားလမ်းရှိ ပုလဲရတနာ ခန်းမတွင် ပြုလုပ်ခဲ့သည်။

“သူတို့တွေရဲ့ အခက်အခဲကို သက် ဆိုင်ရာဌာနတွေကို တင်ပြပြီး အသင်း အနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင် ရွက်ပေးသွားမှာပါ”ဟု မြိတ်ခရိုင် စက် သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်း ဥက္ကဋ္ဌ ဦးဟုန်နုက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင် ၁၆ ဆိုင်ရှိပြီး မြိတ်ခရိုင်တွင် ၅ ဆိုင်၊ ထား ဝယ်ခရိုင်တွင် ၉ ဆိုင်နှင့် ကော့သောင်း ခရိုင်တွင် ၂ဆိုင်ရှိတို့ဖြစ်ကြောင်း မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း ခရိုင်မန်နေဂျာ ဦးဆင့်ကိုကိုထံမှ သိရသည်။

မြိတ်ခရိုင်တွင် လိုင်စင်မဲ့ စက်သုံး ဆီအရောင်းဆိုင် ၄၀၁ ဆိုင်ရှိကြောင်း မြိတ်ခရိုင် စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ သိရသည်။