မော်လမြိုင် သံလွင်ငါးဈေး မပြောင်းဖြစ်

0
448

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဘို ကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ သံလွင်ငါးဈေးအား ကနဦးက ပြောင်း ရွှေ့ရန် စီစဉ်ထားသော်လည်း မပြောင်း ဖြစ်တော့ဘဲ ယခုဘဏ္ဍာနှစ်အတွင်း အဆင့်မြှင့်တင်သွားမည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ သံလွင်ငါးဈေးကိုကျောက် တန်းစက်ရုံစုမြေသို့ ပြောင်းရွှေ့ရန် စီစဉ် ထားသော်လည်း ပြောင်းရွှေ့မည့် မြေနေရာသည် မြေယာအရှုပ်အရှင်းရှိနေ သည့်အတွက်ကြောင့် အစီအစဉ်ပျက် သွားသည်ဟု မွန်ပြည်နယ် စည်ပင်သာ ယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့် အောင်ကပြောသည်။
ဈေးအဆင့်မြှင့်တင်ရန်အတွက် စည်ပင်သာယာဘတ်ဂျက် ငွေကျပ်သိန်း ပေါင်း၅၈၅၀ သုံးမည်ဖြစ်ပြီး ယခုနှစ် ဘဏ္ဍ နှစ်အတွင်း တည်ဆောက်မည်ဟု သိရ သည်။

“အဓိကကတော့ ရေစီးရေလာ ကောင်းဖို့ အနံ့မထွက်ဖို့ အညစ်အကြေး အနံ့အသက်မထွက်ဖို့ လုပ်ဆောင်မယ်” ဟု ၎င်းက ပြောသည်။
သံလွင်ငါးဈေးမှ ထွက်သည့် ငါး ညှီပုပ်နံ့များသည် ပတ်ဝန်းကျင်နေရပ် ကွက်ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်နေသည့်အပြင် ငါးပုံးတင် ဆယ့်နှစ်ဘီးတပ် ကုန်ကားကြီးများ ၂၄ နာရီ ဝင်ထွက်သွားလာနေသဖြင့် လမ်းတစ် လျှောက် ငါးအနံ့များပိုထွက်လာကာ ယာဉ်အန္တရာယ်လည်း ဖြစ်ပေါ်စေနိုင် သည့်အတွက် ရပ်ကွက်နေပြည်သူများက အဆိုပါ ငါးဈေးကိုပြောင်းရွှေ့ပေးရန် ယခင် အစိုးရလက်ထက်ကတည်းက တောင်းဆိုလာခဲ့သည်။

“ငါးညီုနံ့ကနေ့တိုင်းနေ့တိုင်း ကျွန်တော်တို့ ခံစားနေရတယ်၊ မြို့အင်္ဂါ ရပ်နဲ့လည်းမညီဘူး။ ငါးဒိုင်တွေကိုဝင် ထွက်သွားလာနေတဲ့ ကားကြီးတွေကလည်းလမ်းသွားလာသူတွေအတွက် အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် ကျွန် တော်တို့က ဒီဈေးကိုပြောင်းစေချင်တယ်”ဟု သံလွင်ဈေးနားနေထိုင်သူတစ်ဦးက ပြောသည်။

သံလွင်ငါးဈေးသည် မြို့၏ အချက်အချာကျသည့်နေရာတွင် တည်ရှိ နေသည့်အတွက် အရောင်းအဝယ်အဆင် ပြေနေပြီးလူသူနှင့် ဝေးသည့် ကျောက် တန်းစက်မှုဇုန်နေရာသို့ ပြောင်းရွှေ့မည် ဆိုပါက အဆင်မပြေဖြစ်ကာ ငါးဒိုင် အချို့ လုပ်ငန်းရပ်နားသည်အထိ ရှိနိုင်သည် ဟု ငါးအဝယ်ဒိုင်အချို့က ပြောသည်။

သံလွင်ဈေးသည် ၁၉၈၉ ခုနှစ်ကကုန်ခြောက်မျိုးစုံရောင်းချရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၆ ပေပတ်လည် ဆိုင်ခန်းများ ပြုလုပ်ကာဈေး စတင်ရောင်းချခဲ့သော်လည်းနောက်ပိုင်း တွင် အဆိုပါ ၆ ပေ ပတ်လည်ဆိုင်ခန်း များကိုဖျက်ပြီးငါးဈေးဒိုင်အဖြစ် ယနေ့ ထိပြောင်း လဲအသုံးပြုခဲ့သည်။
မွန်ပြည်နယ်အတွင်း ကမ်းနီးကမ်း ဝေးငါးဖမ်းလုပ်ငန်းများမှ ငါးများကို မော်လမြိုင်မြို့ရှိ ငါးအဝယ်ဒိုင်ကြီး များထံ သို့ တင်သွင်းနေကြပြီး ထိုမှတစ်ဆင့် မွန်ပြည်နယ် ၁၀ မြို့နယ်သို့ ဖြန့်ဖြူး ရောင်းချနေသည့်အပြင် ရန်ကုန်သို့ လည်း တင်ပို့ရောင်းချနေသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ငါးအဝယ်ဒိုင်ကြီး ၁၅ ဒိုင်ခန့်ရှိသည်။