ထားဝယ်မြစ် တူးဖော်ရေး ပြည်ထောင်စုအစိုးရ ကတိမတည်

0
502

ထားဝယ်မြစ်အတွင်း သဲနုန်းသောင် များ တူးဖော်ပြီး ရေလမ်းကြောင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ပြီးခဲ့ သည့် ၂၀၁၆ ခုနှစ် မိုးရာသီအကုန်တွင် ဆောင်ရွက်ပေးမည်ဟု သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့သော် လည်း လက်ရှိအချိန်ထိ အကောင်အထည် ဖော်ပေးခြင်းမရှိကြောင်း ထားဝယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ထားဝယ်မဲဆန္ဒနယ် ကိုယ်စား လှယ် ဦးအောင်စိန်က ထားဝယ်မြစ် အတွင်းရှိ သဲနုန်းသောင်များ တူးဖော်ကာ ရေလမ်းကြောင်း အဆင့်မြှင့်ရန် အစီ အစဉ်ရှိ /မရှိ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထားဝယ်မြစ် တူးဖော်ခြင်းနှင့် ပတ် သက်သည့် ကတိပေးထားချက်အတိုင်း တစ်စုံတစ်ရာ အကောင်အထည် ဖော်ပေး ခြင်း မရှိသေးဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်က ဆိုသည်။

“ကတိပေးထားတာတွေ အကောင် အထည်ဖော်ဖြစ်အောင် ဆက်ကြိုးစား သွားမယ်”ဟု ဦးအောင်စိန်က ပြောသည်။
ထားဝယ်မြစ် တူးဖော်ရေးနှင် ပတ် သက်၍ လက်ရှိအချိန်ထိ တရားဝင် ညွှန် ကြားချက် တစ်စုံတစ်ရာ မရရှိသေး ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ပြောသည်။

“လက်ရှိအခြေအနေအရဆို မြစ်ကို တူးဖို့ လိုနေပြီ၊ သဲသောင်တွေ အရမ်းထွန်း နေတာ”ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်း ဒေသကြီး ဦးစီးမှူး ဦးစန်းရွှေက ပြောသည်။
မြစ်ထဲရှိ သဲ တစ်ကုဗပေ တူးဖော် ပါက အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ ခန့် ကုန်ကျပြီး ဆင်ဖြူပြင် ဆိပ်ကမ်းမှ ထားဝယ်မြို့အထိ အရှည် ၁၈ မိုင်ခန့်ရှိ ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ လွှတ်တော်တွင် ဖြေကြားထားသည်။