မီတာအလုံးရေ နှစ်ရာကို လမ်းမီးကြေး ကောက်ခံမှု ရပ်ဆိုင်း

0
455

လမ်းမီးသွယ်တန်းထားခြင်း မရှိဘဲ လမ်းမီးကြေး ကောက်ခံနေသည့် မီတာ အလုံးရေ ၂၀၀ ကို စက်တင် ဘာလမှစကာ လမ်းမီးကြေး ကောက်ခံတော့မည်မဟုတ် ကြောင်း DDPC ထားဝယ်ခရိုင် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး ဝန်ဆောင်မှု လုပ်ငန်းထံမှ သိရသည်။

ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် တွင် လမ်းမီးအတွက် မီးတိုင် မီးကြိုး မရှိသည့် လမ်းများမှ မီတာများကို လမ်းမီးကြေး ကောက်ခံမှု ရပ်နားလိုက် ခြင်းဖြစ်ပြီး နေအိမ်လမ်းများတွင် လမ်း မီးမရှိဘဲ လမ်းမီး ကြေးပေးဆောင်နေ ရပါက DDPC လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း CALL CENTER ထံ ဖုန်းဆက် အကြောင်းကြားနိုင်ကြောင်း DDPC လျှပ်စစ်ဖြန့်ဖြူးရေး တာဝန်ခံက ဆိုသည်။

ထားဝယ်ခရိုင်တွင် မီတာအလုံးရေ ၁၉၀၀၀ ကျော်ရှိပြီး လမ်းမီးကြေး ကောက်ခံနေသည့် မီတာအလုံးရေ ၁၆၀၀၀ကျော်ရှိကြောင်း DDPC ထား ဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေး ဝန်ဆောင်မှုလုပ်ငန်းထံမှ သိရသည်။