ရခိုင်အပူ တနင်္သာရီ စဟပ်

0
532

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်နေသည့် အပူမီးက တနင်္သာရီ တိုင်းသို့ စဟပ်လာ သည်။
“ဘင်္ဂါလီ ဝင်နေပြီ”
“ဘင်္ဂါလီများ ဖမ်းမိနေပြီ”
“တနင်္သာရီ တောင်ဘက် တံခါး ကျိုးပေါက်ခြင်း”

စသဖြင့် ဖေ့စ်ဘွတ် လူမှုကွန်ရက် ပေါ်က ကောလာဟလ သတင်းများက တနင်္သာရီတိုင်းသူတိုင်းသားများကို ခြောက်လှန့် လာသည်။
“ကောလဟာလ ဖြစ်နေတာက တော့ နေ့တိုင်းပါပဲ၊ ဟိုနေရာမှာ လှေ နှစ်စီး တွေ့တယ်တဲ့.. လှေပေါ်မှာ လူမ တွေ့ဘူးတဲ့.. စသဖြင့် ခုတောင် လာ ပြောနေကြတယ်”ဟု မောင်းမကန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောသည်။

အဆိုပါ ကောလာဟလများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်း ဖက်မှုဖြစ်စဉ်များ စတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း တစ်ပတ်ခန့်အကြာတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။
စက်တင်ဘာလ ၅ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကပါ ထုတ် ပြန်ခဲ့သည့် မြန်မာနိုင်ငံမြို့ကြီးများ တွင် အကြမ်းဖက်ဖောက်ခွဲမှုများ ပြု လုပ်နိုင်သည့်အတွက် လုံခြုံရေး သတိရှိ ရန် သတင်းထုတ်ပြန်ချက်အပြီးတွင် အဆိုပါ သတင်းအမျိုးမျိုး ထွက်ပေါ်မှု နှင့် စိုးရိမ်မှု အဟုန် ပိုကြီးလာသည်။ကျေးရွာများ အထူးသဖြင့် ပင်လယ်နှင့် ထိစပ်နေသည့် ကျေးရွာများတွင် ကိုယ် ထူကိုယ်ထ ကင်းစောင့်ခြင်း၊ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများ ကင်းလှည့်ခြင်း၊ ကင်းစောင့်ခြင်းများ လုပ်ဆောင်လာ ကြသည်။

ကျေးရွာလုံခြုံရေးအတွက် ဆယ် အိမ်မှူးများ၊ ရာအိမ်မှူးများ၊ အရန်မီး သတ်တပ်ဖွဲ့များနှင့် ရပ်ရွာ အခြေပြု လူငယ်များ စုပေါင်းပြီး ညဘက် ကင်း လှည့်လျက်ရှိသည်ဟု ကော့သောင်းမြို့ နယ်၊ ပုလုံးတုံတုံးကျေးရွာ အုပ်ချုပ်ရေး မှူး ဦးဇင်ကိုက ပြောသည်။
“ကောလာဟလတွေကြောင့် ညဘက် ကလေးတွေ အရင်ကလို အပြင် သိပ်မထွက်ရဲတော့ဘူး”ဟု ဦးဇင်ကိုက ဆိုသည်။

ပြည်သူလူထုကြားပျံ့နှံ့နေသည့် ကောလာဟလများသည် ဖေ့စ်ဘွတ် လူမှုကွန်ရက်မှ စတင်ခဲ့ပြီး အခြေအမြစ် မရှိဟု လတ်တလော ဘင်္ဂါလီဝင်သည် ဟူသည့် ကောလာဟလများနှင့် ပက် သက်၍ လူမှုကွန်ရက်နှင့် ပြင်ပသတင်း များကို စောင့်ကြည့်နေသည့် ထားဝယ် တက်ကြွလူငယ်အဖွဲ့က ကိုဝေဖြိုးက ပြောသည်။
“လူတွေက အဲဒါတွေကို ယုံနေကြ တယ်။ တင်တဲ့သူတွေ မျှဝေတဲ့သူတွေက လည်း သတိထားတာမမှားပါဘူး ဆိုတဲ့ ပုံစံမျိုးနဲ့ တင်ကြတယ်။ တကယ်တော့ အဲဒါကလည်း ဖြန့်ဝေနေတာနဲ့ အတူတူ ပဲ”ဟု ကိုဝေဖြိုးက ဆိုသည်။

သတင်းမှားများဖြန့်ဝေသူများကို သက်သေများယူကာ အရေးယူနိုင်သည့် အဖွဲ့အစည်းများသို့ ပေးပို့ရန် စီစဉ်နေ သည်ဟု ၎င်းက ဆိုသည်။
ထွက်ပေါ်နေသည့် ကောလာဟလ များနှင့် ပက်သက်၍လည်း တနင်္သာရီ တိုင်းအတွင်းရှိ ပင်လယ်ကမ်းစပ်ရွာများမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ချိတ် ဆက်ကာ စောင့်ကြည့်ခြင်း၊ သတင်း ထောက်လှမ်းခြင်းများ လုပ်ဆောင်နေ သလို တပ်မတော်ရေကလည်း စောင့် ကြည့်မှုများ လုပ်ဆောင်နေကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။

မသင်္ကာဖွယ်ရာတွေ့ပါက ရဲတပ် ဖွဲ့သို့ အကြောင်းကြားနိုင်ပြီး ဖြစ်ပေါ်နေ သည့် ကောလဟလများ မှန်မမှန်ကို လည်း ရဲတပ်ဖွဲ့ထံ အတည် ပြုမေးမြန်း နိုင်သည်ဟု ရဲမှူးကြီးက ပြောသည်။
“ကောလဟာလ သတင်းတွေနဲ့ ထိုးနှက်နေတယ်။ ဒါတွေကို လူတိုင်းက ယုံကြည်ပြီးတော့မှ စိတ်လွတ် ကိုယ် လွတ် လျှောက်လုပ် မယ်ဆိုရင်တော့ အမှားအယွင်း ဖြစ်သွားနိုင်တယ်။ တနင်္သာရီတိုင်းရဲ့ အေးချမ်းမှုကို ထိခိုက် နိုင်တယ်”ဟု ၎င်းက ဆိုသည်။