ကလေးသုံးဦး၏ မိခင် စိတ်ဝေဒနာရှင်ကို ဆေးဝါးကုသရန် ကူညီ

0
423

မြိတ်မြို့ပေါ် ရပ်ကွက်တချို့တွင် လှည့်လည်နေထိုင်နေသည့် ကလေးငယ် သုံးဦး၏ မိခင်ဖြစ်သူမှာ စိတ်ဝေဒနာ ခံစားနေရသည့်အတွက် မြိတ်ဆေး ရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူနိုင်ရန် ပရဟိတအဖွဲ့များက ဩဂုတ်လ ၃၁ ရက်က ကူညီပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ စိတ်ဝေဒနာရှင် အမျိုး သမီးသည် အသက် ၃နှစ်မှ ၆ နှစ်ရွယ် ကြားအရွယ်ရှိ သား ၃ဦးတို့နှင့်အတူ အိမ်ခြေ အတည်တကျမရှိဘဲ ရပ်ကွက် များရှိ လမ်းဘေးနှင့် နေအိမ်ဘေးများတွင် နေထိုင်လျက်ရှိကြောင်း မြို့ခံများက ပြောသည်။

မြိတ်မြို့ရှိ စိတ်ဝေဒနာရှင် အမျိုး သားတစ်ဦးက အဆိုပါစိတ်ဝေဒနာရှင် အမျိုးသမီးနှင့်အတူ ညပိုင်း အချိန် တွင် လာရောက် အိပ်စက်နေသည်ကို သိရှိသဖြင့် စိတ်ဝေဒနာရှင် အမျိုး သမီးအား မြိတ်ဆေးရုံကြီးသို့ ဆေးဝါး ကုသမှုခံယူရန် ပို့ပေးထားခဲ့ကြောင်း ပရဟိတမောင်နှမများ ကွန်ရက်မှ သိ ရသည်။
“လူနာအတွက် ပရဟိတ လူငယ် အချို့က လူနာစောင့်အဖြစ် ထားပေး ထားပါတယ်”ဟု ကွန်ရက်အဖွဲ့ဝင် ဦးမင်းလွင်ဦးက ပြောသည်။

ကလေးငယ်၃ ဦးကိုမူ မိဘမဲ့၊ အိမ်ခြေမဲ့ကလေးများထားရှိရာ ကျား ဂေဟာသို့ ပို့ပေးရန် စီစဉ်လျက်ရှိကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အချို့ထံမှ သိရသည်။