ရပ်ကွက်စာရေးထံတွင် စိတ်ကြွဆေးပြားများ ဖမ်းမိ

0
368

ကော့သောင်းခရိုင်၊ ခမောက်ကြီး မြို့မှ ရပ်ကွက်စာရေး တစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရ သည်။
စက်တင်ဘာလ ၇ ရက် ညက ကော့သောင်းမြို့နယ် ရွှေပြည်စိုး ကျေး ရွာလမ်းဆုံတွင် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း အဖွဲ့များ ပိတ်ဆို့ စစ်ဆေးစဉ် Wave I 125 ဆိုင်ကယ်တစ်စီးကို စစ်ဆေး ခဲ့ရာ WY စိတ်ကြွဆေးပြား ၉ ပြားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။

WY ဆေးပြား ၉ ပြားနှင့်အတူ ဖမ်းမိသူသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လက်ရှိ တာဝန်ထမ်း ဆောင်လျက်ရှိသည့် ခမောက်ကြီးမြို့၊ အမှတ် ၁ ရပ်ကွက်မှ ရပ်ကျေးစာရေး ဖြစ်ကြောင်း အဆိုပါရဲစခန်း၏ မှတ် တမ်းအရ သိရသည်။

“ဆေးတွေကို သုံးစွဲဖို့ သူငယ် ချင်းဆီက တစ်ဆင့် ဝယ်လာတယ် ပြောလို့၊ ရောင်းချပေးတဲ့ သူငယ်ချင်း နေအိမ်မှာ သွားရှာတော့ အဲဒီ နေအိမ် မှာ ဆေးပြား ၆ ပြား ထပ်မံ ဖမ်းမိခဲ့ တယ်”ဟု ကော့သောင်း မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး စောမိုရှေးက ဆိုသည်။
ဆေးပြားသုံးစွဲရန်ဝယ်သူ ရပ်ကွက် စာရေးနှင့် ရောင်းချပေးသူကို မူးယစ် ဆေးဝါး ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ကော့သောင်း မြို့မ ရဲစခန်းထံမှ သိရသည်။