အများပြည်သူနှင့်ဆိုင်သည့် ဌာနဆိုင်ရာလုပ်ငန်းများ ကြန့်ကြာနေပါက တိုင်ကြားနိုင်

0
395

ပြည်သူနှင့် သက်ဆိုင်သည့် ကိစ္စ များတွင် ဌာနဆိုင်ရာများက လုပ်နိုင် သည့် အနေအထားရှိသော်လည်း မလုပ် ပေးဘဲ ကြန့်ကြာနေသည့် ကိစ္စများကို တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရား မျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲထံ တိုင်ကြားနိုင်ကြောင်း ယင်းအဖွဲ့ခွဲထံမှ သိရသည်။

အများပြည်သူနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ လုပ်ငန်းများ (ဥပမာ- မော်တော်ယာဉ်များလိုင်စင်၊ လုပ်ငန်း လိုင်စင်၊ ကုမ္ပဏီလိုင်စင်များ ပြုလုပ်ပေး ခြင်း၊ တရားစီရင်ခြင်း၊ ချေးငွေများ ထုတ်ချေးခြင်း စသဖြင့်ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ လုပ်ငန်းများ) ကြန့်ကြာနေပါက အထက်ပါ အဖွဲ့ခွဲသို့ တိုင်ကြားနိုင်သည်။

တိုင်ကြားစာပို့လာပါက သက်ဆိုင် ရာဌာနများ၏ လုပ်ထုံး လုပ်နည်းများကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဘဲ ကြန့်ကြာနေရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာဌာန အကြီးအကဲနှင့် ညှိ နှိုင်းသွားမည်ဖြစ်ကြောင်း တရား ဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါ်လဲ့လဲ့ဝင်းက ဆိုသည်။

“ဘယ်လို ဆုံးဖြတ်လိုက်ပါ၊ ဘာ တော့ ပြောလိုက်ပါလို့ ပြောမှာ မဟုတ် ဘူး”ဟု တိုင်းဒေသကြီး ဥပဒေ အရာရှိ လည်းဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းက ပြောသည်။
သက်ဆိုင်ရာဌာနက ဥပဒေနှင့် အညီ လုပ်ဆောင်ပေးသင့်သည့် ကိစ္စ များ မလုပ်ပေးဘဲ ကြန့်ကြာနေသည် ဟု တိုင်ကြားလာပါက ဆောင်ရွက် ပေးရန် တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး တရား ဥပဒေ စိုးမိုးရေးဌာနနှင့် တရား မျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်း ရေး အဖွဲ့ခွဲကို ၂၀၁၇ ခုနှစ် မေလတွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ အချိန်ထိ ကဏ္ဍပေါင်းစုံအတွက် တိုင်ကြားစာ ၂၄ စောင် ရောက်ရှိနေကြောင်း အထက် ပါ အဖွဲ့ခွဲထံမှ သိရသည်။
အဆိုပါရုံးကို တနင်္သာ တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံး နံဘေးရှိ တိုင်း ဒေသကြီး ဥပဒေချုပ်ရုံးတွင် ဖွင့်လှစ် ထားသည်။