မြိတ်ရှိ တည်ဆောက်၊ ပြုပြင်၊ တိုးချဲ့ ရမည့် စာသင်ကျောင်း စာရင်း ပြုစုကာ ရန်ပုံငွေ တောင်းမည်

0
425

မြိတ်မြို့နယ်ရှိ တည်ဆောက်၊ ပြုပြင်၊ တိုးချဲ့ရမည့် စာသင်ကျောင်းများ ကို စာရင်းပြုစုကာ လာမည့်ဘဏ္ဍာရေး နှစ်များတွင် ခွင့်ပြုရန် ပုံငွေရရှိရန် တောင်းဆိုမည်ဖြစ်ကြောင်း မြိတ်မြို့ နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါ်ရီရီချိုက ပြောကြားသည်။
မြိတ်မြို့နယ်အတွင်းရှိ အန္တရာယ်ရှိ (အသစ်ပြန်ဆောက်ရမည့်)ကျောင်း ဆောင်များ၊ ပြုပြင်ရမည့် ကျောင်းဆောင် များ၊ တိုးချဲ့ဆောက်လုပ်ရမည့် ကျောင်း များ စသဖြင့် စာရင်းပြုစုကာ တည် ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဘတ်ဂျက်လျာထားစာရင်းတွင် ပါဝင် ရေး တောင်းဆိုသွားမည်ဟု လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီချိုက ပြောသည်။

“တချို့ကျောင်းတွေက ဆရာ ဆရာမနဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက် အန္တရာယ်ရှိနေပြီ၊ တချို့ ကျောင်းတွေမှာက စာရေးခုံ တွေတောင် မလောက်ငှဘူး၊ အဲဒီလို ကျောင်းတွေကို စာရင်းပြုစုပြီး ကိုယ်စားလှယ်တစ်ယောက် ရဲ့ လုပ်ပိုင်ခွင့်ထဲကနေ တောင်းဆို သွားမယ်”ဟု ဒေါ်ရီရီချိုက ပြောသည်။
စက်တင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်သည့် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ် တော်ကိုယ်စားလှယ် ဒေါ်ရီရီချိုက မြိတ်မြို့၊ ကျောက်ဖျာကျေးရွာအုပ်စု၊ လွတ်လွတ်ကျေးရွာရှိ အမှတ်(၄၆) မူလတန်းကျောင်းတွင် တိုးချဲ့ကျောင်း ဆောင်သစ်နှင့် ဆရာ/ဆရာမများအိမ်ယာ ဆောက်လုပ်ပေးရန် မေးမြန်းခဲ့သည်။

ယင်းကျောင်းအတွက် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့် သွင်းလျာထားခြင်း မရှိသေးကြောင်း လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က လွှတ်တော်တွင် ဖြေကြားခဲ့ သည်။