ကော့သောင်းတွင် လုံခြုံရေးတိုးမြင့်

0
402

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေ သည့် အကြမ်းဖက်မှုများကြောင့် ထိုင်း နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ကော့သောင်း တွင် ယခုရက်ပိုင်းအတွင်း လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကော့သောင်းမြို့ ဝင်ပေါက်များ ဖြစ်သည့် ရေလမ်း၊ ကုန်းလမ်း ဝင်ပေါက် တစ်လျှောက်တွင် ညဦးပိုင်း လှည့်ကင်း၊ ညနက်ပိုင်း လှည့်ကင်းများဖြင့် လှည့် လည်ကာ ယခင်ကထက် လုံခြုံရေး အထူး ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးစောမိုရှေးက ဆိုသည်။

ကောသောင်းမြို့သည် အကြမ်း ဖက်အဖွဲ့အစည်းများ အခြေပြု ခိုအောင်း ရာ ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် နယ်နိမိတ် ချင်းထိစပ်နေသည့်အတွက် ယင်းသို့ လုံခြုံရေးတိုးမြှင့်ရခြင်းဖြစ်ကြောင်း ရဲမှူးစောမိုရှေးက ပြောသည်။
“မြို့နယ်အတွင်းကို အချိန်မရွေး ဝင်ရောက်ပြီးတော့ ဖောက်ခွဲဖျက်ဆီး ရေးလုပ်ငန်းတွေ လုပ်ကိုင်လာနိုင်တဲ့ အတွက် ဒီရက်ပိုင်းအတွင်းမှာ လုံခြုံ ရေးချထား ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

မြို့အဝင်လမ်းတွင်လည်း ညစဉ် ယာဉ်စစ်ဆေးမှုများကို အုပ်ချုပ်ရေးအဖွဲ့ များ၊ ယာဉ်ထိန်း၊ မီးသတ်၊ ပြည်သူ့ စစ်အင်အားများဖြင့် ညစဉ် ဆောင်ရွက် လျက်ရှိကြောင်း ရွှေပြည်စိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်က ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း ခိုးဝင်ဘင်္ဂါလီ ၈ဦးကို ကော့သောင်းမြို့ နယ်တွင် ဖမ်းမိခဲ့ပြီး ယင်းသို့ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် လုံခြုံရေး တိုးမြှင့်မှုများအား ရက်အကန့် အသတ်မရှိ ဆောင်ရွက်သွားမည်ဟု ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရ သည်။