ရွှေတောင်စားစေတီ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်မည်

0
600

ထားဝယ်မြို့ရှိ ရွှေတောင်စား စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကို လာမည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကပ်လှူသွားမည်ဖြစ်ကြောင်း ရွှေတောင် စား စေတီတော်(ဘုရားကြီး) ဂေါပက အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် စေတီတော်ကို ရွှေ သင်္ကန်းကပ်လှူရန် ငြမ်းဆင်ခြင်း လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီး ရွှေသင်္ကန်းကပ်ခြင်း လုပ်ငန်းကို ၂၀၁၈ ခုနစ် ဖေဖော်ဝါရီလတွင် ပြီးစီးရန် မျှော်မှန်းထားကာ မတ်လတွင် စိန်ဖူး တော်တင်မည်ဖြစ်ကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည်က ဆိုသည်။
စေတီတော်ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှုခဲ့သည်။

စေတီတော် လုံးတော်ပြည့် ရွှေချ ရန် ရွှေဆိုင်းပေါင်း ၈၈၁၀ လိုအပ်မည် ဖြစ်ပြီး ရွှေဆိုင်း ၁ ဆိုင်းလျှင် ငွေကျပ် ငါးသောင်း (လက်ခနှင့် ရွှေဆိုင်းဖိုးပါ) ကုန်ကျကြောင်း သိရသည်။