မွန်ပြည်နယ်ရှိ ရော်ဘာစက်ရုံများ ပတ်ဝန်းကျင်ဆိုင်ရာ စည်းကမ်းချက် မလိုက်နာက ပိတ်သိမ်းမည်

0
508

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာ စက်ရုံများ ပတ်ဝန်းကျင်ဆိုင်ရာ လိုက် နာရမည့် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်မှု မရှိပါက စက်ရုံကို ပိတ်သိမ်း သည်ထိ အရေးယူ ဆောင်ရွက်သွား မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြော သည်။
မွန်ပြည်နယ်လွှတ်တော် ဒုတိယ အကြိမ် သတ္တမပုံမှန်အစည်းအဝေးတွင် မုဒုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က စက်တင်ဘာလ ၈ ရက်တွင် တင်သွင်းသည့် ရော်ဘာ စက်ရုံ များ လူနှင့်ကင်းဝေးရာသို့ ပြောင်းရွှေ့ ပေးရန် အလေးအနက် တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မွန်ပြည်နယ်မှာရှိတဲ့ ရော်ဘာ စက်ရုံတွေကို သဘာဝပတ်ဝန်းကျင် အစီအစဉ် မရှိရင် ပိတ်သိမ်းရန် အသင့် ပါ၊ နောက်ထပ် တည်ဆောက်မယ့် စက်ရုံတွေကိုလည်း သဘာဝ ပတ်ဝန်း ကျင်အစီအစဉ် လုပ်ဆောင်ရမှာ ဖြစ် တယ်၊ လုပ်တဲ့စက်ရုံကိုပဲ လည်ခွင့် ပေးမယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
လက်ရှိတွင် မွန်ပြည်နယ်အတွင်း၌ ရော်ဘာစက်ရုံ ၁၉ ရုံဝန်းကျင်ရှိကြောင်း စက်ရုံအားလုံးကို စစ်ဆေးမှု ပြုလုပ် သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ရော်ဘာစက်ရုံများ အထူးသဖြင့် မုဒုံမြို့အဝင်ရှိ ဖူးရှင်း၊ ဖူလီလိုက်၊ ရွှေမြန်မာ၊ ဟိုက်ဝင်းရော်ဘာ စက်ရုံ ၄ ရုံတို့သည် ပတ်ဝန်းကျင် စီမံခန့်ခွဲ မှုအစီအစဉ်ရေးဆွဲပြီး တင်ပြလာသော် လည်း စွန့်ပစ်ရေကန် တည်ဆောက် ခြင်း၊ စွန့်ပစ်သည့်စနစ်၊ ကုန်ကြမ်းထား သိုလှောင်ခြင်းလုပ်ငန်းများတွင် ပြီး ပြည့်စုံမှုမရှိသဖြင့် ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနသို့ ဆက်သွယ်ပြီး လိုအပ်သည်များ ပြန်လည်ရေးဆွဲရန် ညွှန်ကြားထားကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။
လက်ရှိတွင် ယင်းရော်ဘာ စက်ရုံ များကို ယာယီရပ်ဆိုင်းထားပြီး ပတ်ဝန်း ကျင်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်း ချက်များ လိုက်နာဆောင်ရွက်မှုမရှိပါက စက်ရုံကို ပိတ်သိမ်းသွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြော သည်။

၎င်းပြင် ပြည်နယ်အစိုးရ၏ ငွေကြေး ထောက်ပံ့မှုဖြင့် အဆင့်မြင့် ရော်ဘာများ ထုတ်လုပ်နိုင်သည့် ရော်ဘာစက်ရုံ အသစ် ၂၀ရုံကျော် ထပ်မံတည်ဆောက် စီစဉ်လျက်ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိ ရော်ဘာစက်ရုံများသည် အရည်အသွေးညံ့သည့် ရော်ဘာ အထူ ပြားများထုတ်လုပ်သည့် စက်ရုံများ ဖြစ် ပြီး ပြည်နယ်အစိုးရ ငွေကြေးထောက်ပံ့ မှုဖြင့် ထပ်မံတည် ဆောက်မည့် စက်ရုံ များမှာမူ နိုင်ငံတကာအဆင့်မီ အရည် အသွေးကောင်း ရော်ဘာများ ထုတ်လုပ် နိုင်မည်ဟု သိရသည်။
မွန်ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာ စိုက်ပျိုးမြေ ဧက ၅ သိန်းခန့် ရှိပြီး၊ ဧက ၃သိန်းကျော်မှာ ရော်ဘာ ထုတ်လုပ် လျက် ရှိသည်။