မြိတ်တွင် လူထုအခြေပြု ရဲလုပ်ငန်း စတင်

0
398

မြိတ်တွင် လူထုအခြေပြု ရဲလုပ် ငန်းများကို စက်တင်ဘာလ ၃ ရက်မှစပြီး စတင် အကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ်ကြောင်း ယင်းမြို့နယ် မြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်လွင်ထံမှ သိရသည်။

လူထုအခြေပြု ရဲလုပ်ငန်းများကို မြိတ် တောင်ကျေးရွာတွင် ၆ ဖွဲ့၊ ကလွင် ကျေးရွာတွင် ၄ ဖွဲ့ဖြင့် စတင်ဆောင်ရွက် ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
“ဒုစရိုက်မှုအဖြစ်များတဲ့ မြိတ်တောင် ကျေးရွာအုပ်စုနှင့် ကလွင်ကျေးရွာ အုပ်စု မှာ ဒီလ ၃ရက်နေ့ကစပြီး စတင်ဆောင် ရွက် နေပါတယ်။ အဲဒီ၂ နေရာက ဒုစရိုက်မှု တွေများတဲ့အတွက် ရွေးချယ် ပြီး ဆောင်ရွက်ခြင်းဖြစ်တာပါ”ဟု စက်တင်ဘာလ ၅ ရက်နေ့က မြိတ် မြို့မရဲစခန်းတွင် ပိုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ဒုရဲမှူးမြင့်လွင်က ပြောသည်။

လူထုအခြေပြု ရဲလုပ်ငန်းများ အဖွဲ့ဖွဲ့စည်းရာတွင် တစ်ဖွဲ့ချင်းစီတွင် ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ ရပ်မိရပ်ဖ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် တက်ကြွ လူငယ်များ ပါဝင်မည်ဖြစ်ကာ တစ်ပတ် တစ်ကြိမ် လုပ်ငန်းအောင်မြင်မှု ရှိမရှိ အားနည်းချက် အားသာချက်များကို ဖော်ထုတ်ပြီး အားနည်းချက် ကိုပြုပြင် ကာ အားသာချက်ကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဒုရဲမှူး မြင့်လွင်က ဆိုသည်။

“အဖွဲ့ထဲမှာ တစ်ယောက်ယောက် က ပြစ်မှုကျူးလွန်တာတွေရှိခဲ့ရင် ဘယ်လိုအရေးယူမလဲ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့လိုတယ် ဒါကိုလည်း သေချာချပြပေးဖို့လိုတယ်”ဟု မြိတ်တောင် နယ်မြေ အုပ်ချုပ်ရေးမှူး ဦးတင်ဇော်က ပြောသည်။
ယင်းအဖွဲ့ထဲမှ တစ်ဦးဦးက ပြစ်မှု ကျူးလွန်ပါက ဥပဒေအတိုင်း အရေးယူ သွားမည် ဖြစ်သည်။

“အရေးယူမှာပေါ့ သူတို့က ဥပဒေ တွေ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘဲ သူတို့ကိုယ်တိုင် လုပ်နေရင် ဥပဒေ အတိုင်း ပဲ အရေးယူရမှာ ပေါ့ဒါက အကာအကွယ် မရှိဘူး” လျော့ကျဟု ဒုရဲမှူးမြင့်လွင်က ပြောသည်။

မြိတ်တွင် အဆိုပါလုပ်ငန်း အကောင် ထည် ဖော်ဆောင်ရွက်မှု အောင်မြင်ပါက ကျွန်းစု၊ ပုလော၊ တနင်္သာရီတို့တွင်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း မြို့မရဲစခန်းမှ သိရသည်။
အဆိုပါအဖွဲ့တွင် ပါဝင်ဆောင်ရွက် မည့် ပြည်သူများအတွက် အသင်းဝင် ကတ်ပြား၊ သို့မဟုတ် အသိမှတ်ပြု လက်မှတ်များ ထုတ်ပေးထားခြင်းမရှိဘဲ အဖွဲ့တွင် ပါဝင်ကြောင်း စာရင်းဖြင့် မှတ်တမ်းတင် ထားခြင်းမျိုးသာ ရှိမည် ဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။