မွန်တွင် မြေစာရင်းဝန်ထမ်း ၃၃ ဦး အရေးယူခံရ

0
512

မွန်ပြည်နယ်အတွင်း စည်းမျဉ်း စည်းကမ်းဖောက်ဖျက်သည့် မြေစာရင်း ဝန်ထမ်း ၃၃ ဦးကို အရေးယူထားသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုး မွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက စက်တင်ဘာလ ၈ရက်က ပြောသည်။
မွန်ပြည်နယ်တွင် မြေစာရင်းဝန် ထမ်း ၄၀၀ကျော်ရှိပြီး စစ်ဆေးပေါ်ပေါက် ချက်အရ ဝန်ထမ်း ၃၃ဦးကို အရေးယူ ခြင်းဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။
“တချို့ကလည်း ငွေကြေးပိုင်း ဆိုင်ရာမှာ တကယ်ပဲ ပါဝင်ပတ်သက် နေတော့ အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေနဲ့ အရေးယူ လိုက်တယ်၊

တခြားပြစ်မှုပိုင်းဆိုင်ရာနဲ့ ပတ်သက် တယ်ဆိုရင်လည်း ပြစ်မှုပိုင်းဆိုင် ပုဒ်မ တွေနဲ့ အရေးယူတယ်။ တချို့ကို ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ နိုင်ငံ့ဝန်ထမ်း ဥပဒေနဲ့ အရေးယူတယ်” ဟု ဦးထွန်းဌေး က ပြောသည်။
အရေးယူခံရသည့် မြေစာရင်းဝန် ထမ်း ၃၃ဦးတွင် အမြင့်ဆုံး ဒုမြို့နယ်ဦး စီးမှူး ရာထူးအဆင့်ထိ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ မြေစာရင်းဝန်ထမ်း ၃၃ ဦး အရေးယူခံရသည့်ကိစ္စသည် ယခင် အစိုးရလက်ထက်က ကျူးလွန်ထား ခဲ့သည့် ကိစ္စများဖြစ်ပြီး ယခုအစိုး လက်ထက်တွင် ပြန်လည်ဖော်ထုတ် အရေးယူလိုက်ခြင်း ဖြစ်သည်။

အရေးယူခံရသူများအား ၎င်းတို့ ကျူးလွန်ဖောက်ဖျက်ထားသည့် ပြစ် ချက်အပေါ်မူတည်ပြီး တချို့ကို ရာထူး မှ ထုတ်ပယ်လိုက်ခြင်း၊ တချို့ကို အဂတိ လိုက်စားမှု ဥပဒေဖြင့် အရေးယူထား ခြင်း၊ တချို့ကို ရာထူးတိုး ဆိုင်းငံ့ခြင်း၊ ရာထူး လျှော့ချခြင်း၊ သတိပေးခြင်း၊ စာဖြင့် သတိပေးတားမြစ်ခြင်းတို့ဖြင့် အရေးယူမှု ပြုလုပ်ထားခဲ့ကြောင်း ပြည်နယ် လယ် ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်း ဦးစီးဌာနမှ သိရသည်။

ထို့အတူ အစိုးရလက်ထက်တွင် မွန်ပြည်နယ်အတွင်း၌ အုပ်ချုပ်ရေးမှူး ကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားလာသည့် အမှု ၂၉ မှုဝန်းကျင်ရှိပြီး အများစုသည် ကျင့်ဝတ်ဖောက်ဖျက်မှု၊ အဂတိလိုက်စား မှုနှင့် ကျေးရွာမြေကွက်ရောင်းစားမှု တို့ဖြင့် တိုင်ကြားခံရသူများဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
လက်ရှိတွင် မွန်ပြည်နယ်အတွင်း၌ ရပ်^ကျေးအုပ်ချုပ်ရေးမှူး ၇ ဦးကိုလည်း တာဝန်မှ ရပ်စဲခဲ့ပြီးဖြစ်ကြောင်း မွန် ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။