တနင်္သာရီ လူငယ်ဖိုရမ် မြို့နယ်အဆင့် ဆွေးနွေးပွဲများ ကျင်းပမည်

0
461

တနင်္သာရီတိုင်း လူငယ်ဖိုရမ် မြို့နယ် အဆင့်ဆွေးနွေးပွဲများကို လာမည့် အောက်တိုဘာလ ဒုတိယအပတ်တွင် ကျင်းပရန် စီစဉ်နေကြောင်း တနင်္သာရီ တိုင်း လူငယ်ကွန်ရက်ထံမှ သိရသည်။

တိုင်းအတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး စသည့် မိမိဒေသအတွင်း ရင်ဆိုင်နေရသော ကိစ္စရပ်များ၊ လက်ရှိ ရေးဆွဲထားသည့် လူငယ် မူဝါဒအပေါ် အကြံပြုဆွေးနွေးနိုင်ရန် ယင်းဖိုရမ်ကို စီစဉ်ရခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်း လူငယ်ကွန်ရက်မှ ဦးဆောင်ကော်မတီ ဝင် ကိုဟိန်းထက်က ပြောသည်။

“တနင်္သာရီ လူငယ်ဖိုရမ်ကို မြို့ နယ်တွေမှာ အရင်လုပ်ဆောင်သွားမယ်။ အဲဒီ ကနေမှ တိုင်းအဆင့် လုပ်သွားမယ်”ဟု ကိုဟိန်းထက်က ပြောသည်။
တိုင်းအဆင့် တနင်္သာရီလူငယ်ဖိုရမ် ပထမအကြိမ်နှင့် ဒုတိယ အကြိမ်များကို မြိတ်မြို့နှင့် ထားဝယ်မြို့များတွင် ကျင်းပ နိုင်ခဲ့ပြီး လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် တတိယအကြိမ် ဖိုရမ် ကျင်းပ မည့် နေရာကို ထပ်မံကြေညာမည်ဖြစ် ကြောင်း သိရသည်။