ကံကောင်းလို့ အဖမ်းမခံရတဲ့ ဝတ်ရုံနက် လူတစ်စု

0
462

မြိတ်မြို့နယ် သာရမဲရွာမှာ ဝတ်ရုံ အနက် ဝတ်ထားတဲ့ လူစိမ်းတွေ တွေ့ တယ်လို့ ကောလာဟလတွေ ထွက် ပေါ်နေလို့ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ပါတယ်တဲ့။

သာရမဲရွာမှာရှိတဲ့ ရာဘာခြံထဲမှာ စက်တင်ဘာလ ၁ ရက်နေ့ မနက် စောစော ၂ နာရီလောက်မှာ ရာဘာခြံ ထဲမှာ ဝတ်ရုံအနက် ဝတ်ထားတဲ့ လူတစ်စု ရောက်နေတယ်လို့ သတင်း ထွက်နေလို့ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
သွားစစ်တဲ့အခါမှာတော့ ဖိုးသီးချို မီးလင်းရေး ကုမ္ပဏီက မီးလိုင်းပြုပြင်တဲ့ လိုင်းမင်း ၄ ယောက်ဖြစ်နေပါတယ်လို့ တနင်္သာရီတိုင်းရဲတပ်ဖွဲ့က တာဝန်ရှိ သူက ဆိုပါတယ်။

ဒီ လိုင်းမင်း ၄ ယောက်ဟာ တနင်္သာရီမြို့နယ်ဖက်ကနေ မြိတ်မြို့ ဖက်ကို ကားနဲ့ပြန်လာရာမှာ အပေါ့သွား ချင်လို့ ကားရပ်ပြီး ရော်ဘာခြံ ထဲကို ဝင်ကာ အပေါ့သွားတာကို ၁၅ နှစ် အရွယ် ကလေးတစ်ယောက်က အမြင် မှားပြီး ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။