မြိတ် အားကစားကွင်း နှစ်ကွင်းအား ပြုပြင်မှု ယာယီဆိုင်းငံ့

0
427

မြိတ်မြို့ရှိ အားကစားကွင်း နှစ်ကွင်းအား ပြုပြင်ခြင်းကို ဩဂုတ်လ ၂၆ ရက်က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ယာယီ ဆိုင်းငံ့လိုက်ကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

မြိတ်မြို့နယ် မြို့မအားကစားကွင်း မြေဖို့ခြင်း၊ မြက်စိုက်ခြင်းနှင့် ရေပုန်း ရပ်ကွက် အားကစားကွင်းကို မြေဖြည့် ခြင်း၊ သံပိုက်လုံးဂိုးတိုင်စိုက်ခြင်း စ သည့် လုပ်ငန်းများကို ယာယီဆိုင်းငံ့ လိုက်ခြင်းဖြစ်ကြောင်း အထက်ပါ ဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြော သည်။

အဆိုပါ ဘောလုံးကွင်း နှစ်ခုသည် တင်ဒါအောင်မြင်ထားပြီး ဖြစ်သော် လည်း ဘောလုံးကွင်း မြေပိုင်ဆိုင်မှု မရှင်းလင်းသည့်အတွက် ယင်းသို့ ယာယီဆိုင်းငံ့လိုက်ခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

တိုင်းအတွင်း မြို့နယ် ၅ မြို့ နယ်ရှိ အားကစားကွင်းများ၊ အားကစား ရုံများနှင့် အဆောက်အအုံများ ပြုပြင် အသစ်ဆောက်ရန် တင်ဒါဖွင့်ပွဲကို ဇူလိုင်လ ၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။