ရခိုင်သို့ သွားလှူရန် စီစဉ်

0
370

ကမ်းဖက် တိုက်ခိုက်ခံနေရသည့် ရခိုင်ဒေသသို့ တိုင်းအတွင်းရှိ သံဃာ တော်များ၏ အလှူငွေများ သွားရောက် လှူဒါန်းရန် စီစဉ်လျက်ရှိကြောင်း ဦးဆောင် ဆရာတော်ဖြစ်သည့် မြို့မ ယဉ်ငေးသာသနာ့ရိပ်သာကျောင်း ဆရာတော်ထံမှ သိရသည်။

လက်ရှိတွင် တနင်္သာရီတိုင်း အတွင်းရှိ သံဃာတော်များအား တစ်မြို့ နယ်လျှင် အလှူငွေ ဆယ်သိန်းခန့် လှူဒါန်းပေးရန် မေတ္တာရပ်ခံထားပြီး အလှူငွေရရှိမှု နည်းပါက ကျေးရွာများ အထိ အလှူခံရန် စီစဉ်ထားကြောင်း ဆရာတော် ဦးဣန္ဒဉာဏက မိန့်ကြား သည်။

လှူဒါန်းမည့်အချိန်ကိုမှု တိတိ ကျကျ မသတ်မှတ်ရသေးဘဲ စက်တင် ဘာ ဒုတိယအပတ်ခန့်တွင် တိုင်းအတွင်း ရှိ သံဃာတော်များ ကိုယ်တိုင် သွား ရောက်လှူဒါန်းရန် ကနဦး စီစဉ်ထား သော်လည်း လက်ရှိတွင် ဒေသတွင်း တည်ငြိမ်မှု မရှိသေးသဖြင့် စောင့်ကြည့် နေကြောင်း ဦးဣန္ဒဉာဏက မိန့်သည်။
လူပုဂ္ဂိုလ်များအနေဖြင့်လည်း ပါဝင်လှူဒါန်းနိုင်ပြီး မြို့မယဉ်ငေး သာသနာ့ရိပ်သာနှင့် တိုင်းအတွင်းရှိ မည်သည့် သံဃာတော်ကိုမဆို ဆက် သွယ် လှူဒါန်းနိုင်ကြောင်း ဆရာတော် က မိန့်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဩဂုတ်လ ၂၅ ရက် နံနက် ပိုင်းမှ စတင်ကာ အကြမ်းဖက် တိုက် ခိုက်မှုများ ဖြစ်ပွားလျက် ရှိသည်။