ပုလဲမွေး ရေပြင်ဧရိယာမေးခွန်းလိုအပ်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ပို့မည်

0
517

ကျွန်းစုမြို့နယ် အတွင်းရှိ ပုလဲ မွေးမြူရေးလုပ်ငန်း ရေပြင် ဧရိယာများ နှင့်ပတ်သက်၍ လိုအပ်ပါက ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ကာ မေးမြန်းရန် စီစဉ်သွားမည်ဟု ကျွန်းစု မဲဆန္ဒနယ် အမှတ် ၁ မှ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတိုးလွင်က ပြောကြားသည်။

ပုလဲမွေးမြူရေးကုမ္ပဏီများ လက် ရှိလုပ်ကိုင်နေသည့် လုပ်ငန်း တည် နေရာ၊ ဧရိယာ အကျယ်အဝန်းမှာ နိုင်ငံတော်မှ ချထားပေးသော တည် နေရာ၊ ဧရိယာ အကျယ်အဝန်းများ နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးရန် လိုအပ်နေပြီဟု ယူဆသဖြင့် လိုအပ်က ပြည်ထောင်စုအဆင့်တွင် မေးခွန်း မေး နိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း လွှတ် တော်ကိုယ်စားလှယ် ဦးတိုးလွင်က ဆို သည်။

ပုလဲမွေးမြူရေးလုပ်ငန်းများကို ပြည်ထောင်စုအဆင့်မှ တိုက်ရိုက် ကိုင်တွယ် လုပ်ပိုင်ခွင့် ချထားပေးခြင်း ဖြစ်သည်။
လက်ရှိ ပုလဲမွေးမြူရေးကုမ္ပဏီများ လုပ်ကိုင်နေသည့်ရေပြင် ဧရိယာတွင် လူနေထိုင်သည့် ကျွန်းကြီးကျွန်းငယ်များ ပါဝင်နေခြင်း၊ ယင်းကျွန်းများ ရေပြင် များတွင် ဒေသခံများ သွားလာနားခိုခြင်း၊ ရေချိုရယူခြင်း၊ ငါးဖမ်းခြင်းများကို ကုမ္ပဏီများမှ ဟန့်တားခြင်းများကြောင့် ဒေသခံများနှင့် မကြာခဏ ထိပ်တိုက် တွေ့ ပြဿနာဖြစ်ပွားမှုများ ရှိနေ ကြောင်း ဦးတိုးလွင်က ပြောသည်။

“ဧရိယာကြီးက တအား ကျယ် ပြန့်နေတယ်၊ ဒီလောက် ကြီးမား ကျယ်ပြန့်တဲ့ ဟာကြီးကို နိုင်ငံတော်က ချပေးထားရဲ့လား။ အဲဒီ ကြီးမား ကျယ်ပြန့် ဧရိယာကြီးဟာ ဟုတ်ကော ဟုတ်ရဲ့လားဆိုတဲ့ သံသယ ဝင်မိ တယ်”ဟု ဦးတိုးလွင်က ပြောသည်။
ဩဂုတ်လ ၃၁ ရက်တွင် ကျင်း ပသော တိုင်းလွှတ်တော် အစည်းအဝေး တွင် ကျွန်းစုမြို့နယ်အတွင်းရှိ ပုလဲမွေး မြူရေး လုပ်ငန်း ရေပြင်ဧရိယာများနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့ရာ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၏ ဖြေကြား ချက်မှာ ကွာဟကွဲလွဲမှု အချို့ ရှိနေ ကြောင်း ဦးတိုးလွင်က ပြောသည်။

“ဒီ ကွာဟချက်တွေကို ဝန်ကြီးနဲ့ အလွတ်သဘော ညှိနှိုင်းနေတာတွေ ရှိတယ်။ ညှိနှိုင်းဆောင်ရွက်ရင်းနဲ့မှ ပြည်ထောင်စုမှာ မေးရမယ့်အဆင့်လို့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေက သတ်မှတ်ရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေမှာ ဆက် လက်မေးသွားဖို့ ရှိပါတယ်”ဟု ဦးတိုး လွင်က ပြောသည်။
ကျွန်းစုမြို့နယ်တွင် မြန်မာ့ ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ် ငန်းနှင့် အကျိုးတူ ပုလဲမွေးမြူရေး လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ပြည်တွင်းပြည်ပကုမ္ပဏီ ၄ ခု ရှိ ကြောင်း ဝန်ကြီး ဦးဖြိုးဝင်း ထွန်းက ဩဂုတ်လ ၃၁ရက်က လွှတ်တော်တွင် ဖြေဆိုထား သည်။