ပင်လုံအိမ်ရာ လက်ကျန်အခန်း ဘဏ်နှင့်ချိတ်ဆက် အရစ်ကျရောင်းရန် လျာထား

0
446

ထားဝယ်မြို့ရှိ ပင်လုံအိမ်ရာလက် ကျန်အခန်းများ အားလုံး ရောင်းချနိုင်ရန် အတွက် ဘဏ်နှင့်ချိတ်ဆက် အရစ်ကျ ရောင်းရန်လျာထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုး ရေး ဦးစီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် ပင်လုံအိမ်ရာ တွင် အခန်းပေါင်း ၇၂ ခန်းရှိသည့်အနက် ၂၃ ခန်းကို ရောင်းချထားသည်။
အဆိုပါ အစီအစဉ်အတွက် ဘဏ် များနှင့် ညှိနှိုင်းရန် တိုင်းအစိုးရထံတင်ပြ သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မိမိထွေးက ဆို သည်။

“အခုရနေတဲ့ လစာနဲ့ဆိုရင် ရေရှည်ပေးသွင်းတဲ့ စနစ်နဲ့ဝယ်ခွင့်ရမှပဲ ဝယ်နိုင်မယ်၊ အခုကဝယ်ချင်ပေမယ့် မဝယ်နိုင်ဘူး”ဟု ထားဝယ်မြို့ရှိ အခြေခံ ပညာ အထက်ကျောင်း တစ်ကျောင်းမှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ငွေကျပ်သိန်း ၁၂၀ မှ သိန်း ၂၆၀ အထိ တန်ဖိုးရှိ ပင်လုံအိမ်ရာ အခန်း များကို လက်ရှိတွင် ငွေအပြေ အကြေ ပေးသွင်းခြင်းနှင့် ၇၅ ရာခိုင်နှုန်း (ကျန်ငွေကို တစ်နှစ်အတွင်း ပေးသွင်း ရန်) ကနဦးပေးသွင်းကာ အရစ်ကျ စနစ်ဖြင့် ရောင်းချခြင်း အစရှိသည့် ငွေပေးချေမှု စနစ်များဖြင့် ရောင်းချ နေသည်။
ယင်းအိမ်ခန်းများအား နိုင်ငံ့ ဝန်ထမ်းများ၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း များနှင့် နိုင်ငံဝန်ထမ်း ဖြစ်ခဲ့ဖူးသူများကို ရောင်းချခြင်း ဖြစ်သည်။