ဖုန်းနှင့်ဆက်စပ်ပစ္စည်းများဝယ်က ကုန်သွယ်လုပ်ငန်းခွန် ငါးရာ ခိုင်နှုန်း ဆောင်ရမည်

0
563

ဖုန်းနှင့် ဖုန်းဆက်စပ် ပစ္စည်းများ ဝယ်ယူပါက ဝယ်ယူသူများမှ ကုန်သွယ် လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ပေး ဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ထားဝယ်မြို့နယ်ရုံး ထံမှ သိရသည်။

ဖုန်းရောင်းချသူများသည် ဘောင် ချာပေါ်တွင် ကျသင့်ငွေ၏ ငါး ရာခိုင် နှုန်းကို အခွန်တံဆိပ် ခေါင်းကပ် ပေးရ မည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေ ဆောင်ရမည်ဟု ပြည်တွင်း အခွန်များ ဥိးစီးဌာန ထားဝယ်မြို့နယ်ရုံးမှ ဦးစီး အရာရှိ ဒေါ်ရီရီက ပြောသည်။
“ငွေဖြည့်ကတ်ကလွဲပြီး ဖုန်းနဲ့ ပတ်သက်တာ အားလုံး ဘာပဲရောင်း ရောင်း ဘာပဲပြုပြင်ပြုပြင် အကုန် အခွန် တံဆိပ်ခေါင်း ကပ်ပေးရမှာ”ဟု ဒေါ်ရီရီက ဆိုသည်။

ဝယ်ယူသူများအနေဖြင့် ကျသင့် ငွေအပြင် အခွန်ပါ ထပ်မံဆောင် ရမည် ဖြစ်သောကြောင့် အစပိုင်းတွင် နား လည်မှု လွဲနိုင်သဖြင့် ဖုန်းအရောင်း အဝယ်များ ကျဆင်းနိုင်ကြောင်း IDEA မိုဘိုင်း ဖုန်းအရောင်းဆိုင်ပိုင်ရှင် မဝေ မီက ပြောသည်။

“အစပိုင်းမှာတော့ ရောင်း အား ကျမှာ သေချာတယ်။ သူများလည်း ဆောင် ကိုယ်လည်းဆောင်ဆိုရင်တော့ ပေးပျော်တယ်။ ကျန်နေတာ တွေရှိ မယ်ဆို ကိုယ်က နစ်နာတယ်”ဟု မဝေမီ က ပြောသည်။

အခွန်တံဆိပ်ခေါင်းများကို ပြည် ပမှ မှာယူရမည်ဖြစ်သောကြောင့် မည့် သည့်အချိန်တွင် စတင် ကောက်ခံရ မည်ကို မပြောနိုင်သေးဘဲ စတင်သည့် အချိန်တွင် ဖုန်းအရောင်းဆိုင်ပိုင် ရှင်များကို ခေါ်ယူအသိပေးမည် ဖြစ် ကြောင်း သိရသည်။
ယင်းသို့ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ခံသည့် အစီအစဉ်ဖြစ်သည်။