သူရ မချစ်ပိုရုပ်တုနှင့်ပန်းခြံ စက်တင်ဘာလနှောင်း ဖွင့်မည်

0
400

ထားဝယ်-မောင်းမကန် ကမ်း ခြေသွားလမ်း လောင်းလုံးမြို့နယ် သော ကြာပြင်လမ်းဆုံရှိ သူရမချစ်ပို ရုပ်တု နှင့်ပန်းခြံအား စက်တင်ဘာလ ၂၇ရက် တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရုပ်တု နှင့် ပန်းခြံ တည်ဆောက်ရေးကော်မတီ ဝင်များထံမှ သိရသည်။

ရုပ်တုအား ဩဂုတ်လ ၃၁ ရက် နံနက်တွင် ပန်းခြံအလယ်ရှိ ခုံတုံးပေါ်သို့ တင်မြှောက်စိုက်ထူခဲ့ပြီး ပွင့်လင်းရာသီ သီတင်းကျွတ်စတွင် နေ့ကောင်းရက် သာရွေးချယ်ဖွင့်လှစ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဦးထိန်ဝင်းက ပြောသည်။

“မြန်မာထုံးတမ်းစဉ်လာအရ ဆရာ တော်တွေ ဩဝါဒခံယူပြီး နေ့ကောင်း ရက်မြတ်မှာ ဖွင့်လှစ်ဖို့ သတ်မှတ်ရတာ ပါ”ဟု ဦးထိန်ဝင်းက ပြောသည်။
ရုပ်တုအမြင့်မှာ ၆ ပေ ၈ လက်မ ရှိပြီး ညာလက်က လက်သီးဆုပ်၍ မြှောက်ထားဟန်၊ ဘယ်လက်က ဓား မြှောင်ငယ်တစ်လက် ဆုတ်ကိုင်ထား သည့်ဟန် ထုလုပ်ထားကာ လက် ပစ်ဗုံး ထည့်ထားသည့် လွယ်အိတ် လွယ်ထား သည့်ပုံ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော သူရဘွဲ့ရ အမျိုးသမီးတစ်ဦး ဖြစ်သော ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် နခံတောရွာဇာတိ သူရမချစ်ပိုသည် အသက် ၄၂ နှစ်အရွယ် ၁၉၄၉ ခုနှစ် ဧပြီလ ၈ ရက်တွင် မေမြို့၌ ကျဆုံးခဲ့ သည်။