KDDPC ကုမ္ပဏီ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဟုဆို

0
493

ကော့သောင်းဒေသအတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်း လုပ်ကိုင်ခွင့်မရသည့်အတွက်KDDPC အများပိုင်ကုမ္ပဏီကို စက်တင်ဘာလ ၂၂ ရက်မှ စတင်၍ အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးမင်းလွင်က ပြောသည်။

ဩဂုတ်လ ၃၀ရက်က ကော့ သောင်းမြို့ရှိ ဂါးဒင်းဟိုတယ်တွင် ပါချန်ကော့သောင်းဒေသလုံးဆိုင်ရာ လျှပ်စစ်ထုတ်လုပ် ဖြန့်ချိရေးနှင့် အထွေ ထွေ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ (KDDPC) က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“လျှပ်စစ် ထုတ်လုပ်ဖြန့်ချိ ခွင့်ကို သာ ဦးစားပေး ရည်ရွယ်တည် ထောင် ထားတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် လျှပ်စစ် ကိစ္စ လုပ်ကိုင်ခွင့် မရရင် ကုမ္ပဏီကို ရက်အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်း မယ်”ဟု မန်နေးဂျင်း ဒါရိုင်တာ ဦးမင်းလွင်က ပြောသည်။

ကော့သောင်းဒေသအတွင်း လျှပ်စစ် ထုတ်လုပ်ဖြန်ဖြူးခွင့်ရရှိစေရန် ကုမ္ပဏီဘက်မှ အစွန်းကုန် ကြိုးစား ခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရ ဘက်မှာ လိုက်လျော ညှိနှိုင်းဆောင် ရွက်မှု အားနည်းချက်များရှိခဲ့ကြောင်း ၎င်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကုမ္ပဏီတွင် ရှယ်ယာဝင်ထားသည့် ရှယ်ယာရှင်များကို ငွေပြန်အမ်းမည် ဖြစ်ပြီး ကုမ္ပဏီစတင်ချိန်မှ ယနေ့အထိ သုံးစွဲထားသည့် ကုန်ကျစရိတ် ကျပ် သိန်း တစ်ရာကျော်ကို ရှယ်ယာရှင် တချို့က အချိုးကျ ထည့်ဝင် မည်ဖြစ် ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

KDDPC ကုမ္ပဏီက တင်ပြထား သည့် လုပ်ငန်းအဆိုပြုချက်မှာ တိကျ ပြတ်သားမှုမရှိသည့်အတွက် ချင့်ချိန် နေရသည်ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။
“မပေးဖို့ကို ကျွန်တော်တို့ ဆုံးဖြတ်တာတော့ မဟုတ်ဘူး၊ သူတို့ရဲ့ အခြေအနေ သူတို့အပေါ် ပြည်သူက ဘယ်လိုအထိ သဘောထားလဲ ဆိုတာ ကို စောင့်ကြည့်နေရတဲ့ အနေအထား ရှိပါတယ်”ဟု ဦးကြည်လှိုင်က ပြော သည်။

လက်ရှိ ကော့သောင်း ဒေသ မီးလင်းရေးကို သန်းဖြိုးသူ ကုမ္ပဏီက ထုတ်လုပ် ဖြန့်ဖြူးခွင့် ရထားသော်လည်း ဖြန့်ဖြူးခွင့်ကို မြန်မာ့စိမ်းလဲ့ စွမ်းအင် ကုမ္ပဏီ (G.P) အား တစ်ဆင့် လွှဲ ပြောင်းပေးထားသည်။