အခြေခံပညာကျောင်းများ အားက စားနည်းပြ အကူအညီလိုက တိုင်းအားကာ ကူညီမည်

0
385

တိုင်းအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် အားကစားနည်းပြ အကူအညီ လိုအပ်လျှင် တိုင်းအား၊ ကာထံတွင် အကူအညီ တောင်းနိုင်ကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာ ဦးစီးဌာထံမှ သိရသည်။
“အားကစား ဖွံ့ဖြိုးဖို့ဆိုတာက တို့ဌာနက လုပ်ရမှာလေ ဒါကြောင့် ဘယ်က ကူညီတောင်းတောင်း လုပ်ပေး ရမှာက ငါတို့ တာဝန်ပဲ”ဟု တိုင်းအား ကစားနှင့် ကာယပညာဦးစီးဌာနမှာ ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင် မြင့်က ပြောသည်။

အခြေခံပညာကျောင်းများတွင် ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်း နစ်ခုံ စသည့် အားကစားပစ္စည်းများ ချထားပေးနိုင်သော်လည်း ယင်းအား ကစားနည်းပြ ဆရာ၊ဆရာမများကိုမူ အပြည့်အဝ ချထားပေးနိုင်ခြင်း မရှိ ကြောင်း တိုင်းပညာရေးမှူးရုံးမှ လက် ထောက်ညွှန်ကြားရေးမှူး(ကာယ) ဒေါ်မေစန္ဒာလွင်က ပြောသည်။
“စားပွဲတင်တင်းနစ်တို့ဆိုတာက ဘောလုံး၊ ဘော်လီဘောတို့လို ဆရာ မရှိဘဲ အမြင်နဲ့ ကစားလို့မရဘူး နည်းပြ လိုတယ်”ဟု ၎င်းက ပြော သည်။

တိုင်းအတွင်း အားကစားနည်း ပေါင်းစုံတွင် ဆပ်ကော်မတီများကို စေတနာ့ဝန်ထမ်း အများစုဖြင့် ဖွဲ့စည်း ထားပြီး အကူအညီ တောင်းလာသည့် ကျောင်းများကို ကူညီပေးမည်ဟု ဦးမောင်မောင်မြင့်က ပြောသည်။
လက်ရှိတွင် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ စားပွဲတင်တင်းနစ် ဆပ်ကော်မတီရှိ နည်းပြဆရာများက အခြေခံပညာကျောင်းများတွင် သင်တန်း ပေးလျက် ရှိကြောင်း၎င်းက ပြောသည်။

“အခုဆိုရင်တော့ ခန့်မှန်း အနည်း ဆုံး လေးငါးကျောင်းလောက်တော့ လုပ်ပေးပြီးပြီ”ဟု ဦးမောင်မောင်မြင့်က ယခု လဆန်းက ပြောသည်။