တနင်္သာရီတိုင်းလွှတ်တော် ထပ်ဆင့် မေးခွန်းအတွက် အဖြေ လေးလကျော်ကြာ

0
414

တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်တွင် ထပ်ဆင့်မေးမြန်းခဲ့သော မေ ခွန်း၏ အဖြေကို သက်ဆိုင်ရာ ဝန်ကြီး က အချိန် ၄ လကျော်ကြာမှ ပြန်လည် ဖြေကြားခဲ့သည်ဟု မေးခွန်း မေးမြန်း ခဲ့သည့် လွှတ်တော် ကိုယ်စား လှယ်က ပြောသည်။

ယခုနှစ် မတ်လ ၃၀ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် လွှတ် တော် ကိုယ်စားလှယ်က ကျွန်းစုမြို့ နယ်ရှိ ပထော်တောင်၊ ပထက်တောင် ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ပတ်သက် သည့် မေးခွန်းကို ကျွန်းစုမြို့နယ် ကိုယ်စားလှယ် ဒေါက်တာထူး နေအောင်က မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းကို တိုင်းအစိုးရ အဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီး ဦးမြင့်စန်း၏ ဖြေဆိုမှုမှာ ပြည့်စုံမှု မရှိသည့်အတွက် မေးခွန်းပါ အချက်များထဲမှ ၆ ချက်ကို ထပ်ဆင့် မေးခွန်း မေးမြန်းခဲ့ရာ ဝန်ကြီးမှ စာဖြင့် ပေးပို့ ဖြေကြားမည်ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဖြေကြားသည့်စာမှာ မေးခွန်း မေး ပြီး ၄ လကျော်အကြာ ဩဂုတ်လ ၉ ရက်နေ့ ရက်စွဲဖြင့် ရောက်လာသည်ဟု ဒေါက်တာ ထူးနေအောင်က ပြောသည်။
သို့သော် ယင်းသို့ စာဖြင့် ပေးပို့ ဖြေဆိုရာတွင်လည်း ယခင်ဖြေဆိုမှု ကဲ့သို့ အလားတူ ဝေ့ဝိုက် ဖြေဆိုထား ဆဲဟု အထက်ပါ လွှတ်တော် ကိုယ်စား လှယ်က ပြောသည်။

“မြိတ်ရှောင်ကွင်းလမ်းလို ဝေ့ဝိုက် ဖြေတုန်းပဲ၊ လိုရင်းမရောက်တဲ့ ဟာတွေ အများကြီး တွေ့ရတယ်ပေါ့လေ၊ လုပ်ငန်း စဉ်တွေကို လော်ဘီလုပ်ပြီး ဖြေတဲ့ဟာ ရှိသလို မေးတဲ့ဟာကို မဖြေဘဲနဲ့ လိုရင်း မရောက်တဲ့ဟာတွေ ဖြေထားတော့ ကျေနပ်အားရမှု မရှိဘူးပေါ့”ဟု ဒေါက်တာ ထူးနေအောင်က ပြောသည်။

ဒေါက်တာထူးနေအောင်၏ မေး ခွန်းတွင် ယင်းတောင်များပေါ်ရှိ လုပ် ငန်းအချို့သည် တရားဝင်/ မဝင်၊ လုပ်ငန်းရှင်အချို့က တောင်များ အား စိတ်ထင်သလို ဖြိုချခုတ်ဖဲ့ လှီးဖြတ်နေ သည်မှာ တရားဝင်/မဝင်နှင့် စည်း မျဉ်းစည်းကမ်းများ ဖောက်ဖျက် ကျူး လွန်ပါက မည်သို့ အရေးယူမည်ကို သိလိုကြောင်း စသည်တို့ ပါရှိသည်။

“ပထော်၊ ပထက် လုပ်ငန်းစဉ် မေးကတည်းကလည်းပဲ တောင်တွေကို ဖြိုနေတာတွေ အဓိက အချက်တွေက ပါဝင်တော့ အဲဒါ လုပ်ငန်းရှင် ကုမ္ပဏီ တွေဖက်ကိုပဲ ကြိုတင်ပြင်ဆင် လို့ရ အောင် အချိန်များ ပေးထားသလား ပေါ့လေ..။ ရည်ရွယ်ချက် ရှိရှိနဲ့ပဲ အချိန်ဆွဲပြီးမှပဲ သက်ဆိုင်ရာဌာနတွေက ပြန်လည်ပေးပို့သလို့ ထင်စရာ ရှိတယ်”ဟု ဒေါက်တာထူးနေအောင်က ပြော သည်။

ဝန်ကြီး ဦးမြင့်စန်းကမူ မေးခွန်း များ စာဖြင့် ပြည့်ပြည့်စုံစုံ ပြန်လည် ဖြေကြားနိုင်ရန်အတွက် ဌာနဆိုင်ရာ အဆင့်ဆင့်အား ကွင်းဆင်း စစ်ဆေးခိုင်း ရာတွင် ကွင်းဆင်းရန် နောက်ကျ ကြန့်ကြာနေခြင်း၊ အစီရင်ခံစာများ ရလာသော်လည်း အချက်အလက် မပြည့်စုံ၍ ပြန်လည်ကွင်းဆင်း တင်ပြ စေခြင်းများ ပြုလုပ်နေရ၍ ကြန့် ကြာနေခြင်းဖြစ်ကြောင်း ပြောသည်။

“ကိုယ်တိုင်လည်း ကွင်းဆင်း ခဲ့ပါသေးတယ်၊ အတတ်နိုင်ဆုံး မြန် အောင် ပြန်ဖြေနိုင်ဖို့ ကြိုးစားပါတယ်၊ ခုန(အပေါ်က အချက်များ)က အခက် အခဲတွေတော့ ရှိတာပေါ”ဟု ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
လက်ရှိတွင် ဩဂုတ်လ ၃၁ ရက်မှစ၍ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေးကို ကျင်းပ လျက်ရှိသည်။