မြိတ်မှ တနင်္သာရီသို့ မော်တော် ဆိုင်ကယ် ၁၅ စီး သရုပ်ပြစီ

0
469

ဩဂုတ်လ ၂၇ ရက်က မြိတ်မြို့မှ တနင်္သာရီမြို့သို့ မော်တော် ဆိုင်ကယ် ၁၅ စီးဖြင့် သရုပ်ပြစီးနင်းခဲ့ကြောင်းFree Rider Group ထံမှ သိရသည်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရန်နှင့် မြိတ်ခရိုင်တွင်းရှိ ရှေး ဟောင်း မြို့တစ်မြို့ဖြစ်သည့် တနင်္သာရီ မြို့အား လူသိများ လာစေရန် ရည်ရွယ် ကာ စီးနင်းရခြင်းဖြစ်ကြောင်း Free Rider Group အဖွဲ့ခေါင်းဆောင် ဦးရဲမင်းက ပြောပြသည်။

“တနင်္သာရီမြို့က ရှေးဟောင်း မြို့ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ လူသိတာ တော်တော်နည်းတယ်”ဟု ဦးရဲမင်းက ပြောသည်။
ယင်းသို့ သရုပ်ပြစီးနင်းခြင်းမှာ မြိတ်တွင် ပထမဦးဆုံးအကြိမ် ဖြစ် သည်။
မြိတ်မှ တနင်္သာရီမြို့ ခရီးအကွာ ဝေးသည် မိုင် ၅၀ ကျော်ရှိကြောင်း သိရသည်။

မော်တော်ဆိုင်ကယ် အင်ဂျင်ပါဝါ ၁၅၀ မှ ၄၀၀ အထိရှိသည့် ဆိုင်ကယ် အကြီးစား အမျိုးအစားစုံ ပါဝင်သည့် Free Rider Group ကို မြိတ်မြို့မှ ဆိုင်ကယ်ဝါသနာရှင်များ စုပေါင်းကာ ဩဂုတ်လ ၂၇ ရက်က စတင်ဖွဲ့စည်း ထားသည်။