ကျိုက်မရောမြို့နယ်မှ မွန်အမျိုးသားပါတီဝင် ၆၀ ကျော် ပါတီမှ နုတ်ထွက်စာတင်

0
412

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင်တစ်ဦးအပါအဝင် ပါတီဝင် ၆၃ ဦး ပါတီမှ နုတ်ထွက်ရန် စာတင်ထားသည်။
ပါတီဝင်များနှင့် မွန်ပြည်သူလူထု လိုလားသည့် မွန်နှစ်ပါတီ ပေါင်းစည်း ရေး ဖြစ်မလာသည့်အတွက် ပါတီပေါင်း စည်းရေး လိုလားသည့်ပါတီဝင် ၆၃ ဦးက ပါတီမှ နုတ်ထွက်ရန် ဩဂုတ် ၂၉ရက်က နုတ်ထွက်စာတင်ခဲ့သည်ဟု နှုတ်ထွက်စာတင် ထားသူ များအနက် တစ်ဦးဖြစ်သည့် ပါတီဗဟို အလုပ် အမှုဆောင် ကော်မတီဝင် မိစန္ဒာနွန်းက ပြောသည်။

ယခုနုတ်ထွက်စာတင်သူများတွင် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင်တစ်ဦးအပါအဝင် မြို့နယ်ပါတီ ဒုဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနှင့် မြို့နယ်အလုပ်အမှုဆောင်ဝင်တို့လည်း ပါဝင် သည်ဟု နုတ်ထွက်စာတင်ထား သူတို့က ပြောသည်။
ထို့အပြင် နုတ်ထွက်စာတင် ထား သူများအနက် တစ်ဦးဖြစ်သည့် ကျိုက်မ ရောမြို့နယ် ပါတီ အထွေထွေ အတွင်း ရေးမှူး မင်းဥာဏ်လင်းကလည်း နှစ် ပါတီပေါင်းစည်းရေး ဖြစ်မလာသော ကြောင့် ပါတီမှ နုတ်ထွက်ခြင်းဖြစ်ပြီး ရှေ့ဆက် မွန်အမျိုးသား အရေးအတွက် လုပ်သင့် လုပ်ထိုက်သည်ကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောသည်။

မွန်တွင် မွန်လူမျိုးများကို ကိုယ်စား ပြုသည့် ပါတီတစ်ပါတီသာ ရှိစေလို သည့် ရည်ရွယ်ချက်ဖြင့် မွန်အမျိုးသား ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့ ပေါင်းစည်းနိုင်ရေးအတွက် မွန်လူထု၊ မွန်သံဃာတော်၊ မွန်မျိုးချစ် ပုဂ္ဂိုလ်တို့က အကြိမ်ကြိမ် ကြိုးစားလာ ခဲ့သော်လည်း အောင်မြင်မှုမရရှိသည့် အတွက် နောက်ဆုံးတွင် ပါတီပေါင်း စည်းရေးအတွက် လက်လျှော့ထားကြ သည့် အနေအထား ဖြစ်သည်။
လက်ရှိတွင် နှစ်ပါတီ ပေါင်း စည်းရေးနှင့် ပတ်သက်ပြီး ပါတီအချင်း ချင်းအကြား တွေ့ဆုံကြိုးပမ်းသွားမည် ဟု နှစ်ပါတီ ခေါင်းဆောင်တို့ ပြော သော်လည်း လက်တွေ့အကောင်အ ထည့်ဖော်မှု မရှိသေးပေ။

မွန်အမျိုးသားပါတီသည် ဇူလိုင် အတွင်းက ဗဟိုအလုပ်အမှုဆောင် ၂ ဦး နှင့် ဗဟိုကော်မတီဝင် ၄ ဦးတို့ကိုလည်း တာဝန်မှ အနားပေးခဲ့သည်။
လက်ရှိတွင် ပါတီမှ ထုတ်ပယ်ခံရ သူများနှင့် တစ်သီးပုဂ္ဂလ ခေါင်းဆောင် တို့က မွန်တစ်မျိုးသားလုံးကို ကိုယ် စားပြုသည့် ပါတီသစ် တစ်ခုဖွဲ့စည်း တည်ထောင်ရန်အတွက် မွန်လူထုတွေ အကြား သဘောထား ကောက်ယူလျက် ရှိသည်။