ထားဝယ်မြစ်နှင့် ဝင်းဝချောင်းတွင် ရေအားလျှပ်စစ်ထုတ်ရေး လေ့လာဆန်းစစ်မည်

0
404

ထားဝယ်ခရိုင်အတွင်းရရှိ ထားဝယ် မြစ်နှင့် ဝင်းဝချောင်းတို့တွင် ရေအား ဖြင့် လျှပ်စစ်ထုတ်နိုင်ဖွယ် ရှိ / မရှိ လေ့လာမှု စစ်တမ်းပြုလုပ်ရန် ကုမ္ပဏီ များနှင့် အစိုးရနားလည်မှု စာချွန်လွှာ (MOU) ကို ဩဂုတ်လ ၂၈ ရက်တွင် လက်မှတ်ထိုးခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်ထံမှ သိရသည်။

စာချွန်လွှာအရ ရေအားဖြင့် ၃၀ မဂ္ဂါဝပ်အောက် လျှပ်စစ်ထုတ်ရန် ဖြစ် နိုင်စွမ်း ရှိ/မရှိ စစ်တမ်းပြုခွင့် ၁၈ လ ရရှိမည် ဖြစ်သည်။
လေ့လာဆန်းစစ်မှုကိုKing Trillion Investment ၊ Ming Hua Group (Myanmar) နှင့် Holly Group (Dawei) ကုမ္ပဏီတို့ အကျိုး တူ ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကာ ထားဝယ်မြစ်တွင် ရေဖြူမြို့အထက် ဘက်မှ ကလိန်အောင်ကြား၊ သရက် ချောင်းမြို့နယ်ရှိ ဝင်းဝချောင်းတွင် သဲချောင်းကြီးကျေးရွာအထက်ဖက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း Holly Group (Dawei) ကုမ္ပဏီ၏ စီမံကိန်း ဒါရိုက် တာတစ်ဦးက ပြောသည်။

လျှပ်စစ်ထုတ်ရာတွင် ၃၀ မဂ္ဂါဝပ် ကို တစ်နေရာတည်းမှ ထုတ်ယူခြင်းမျိုး မဟုတ်ဘဲ အမြင့်မှ အနိမ့်သို့ ရေသွယ် ယူကာ အသေးစား ရေအား လျှပ်စစ်များ တစ်ခုခြင်းစီမှ လျှပ်စစ် စုပေါင်း ထုတ် လုပ်နိုင်ရေး ဆန်းစစ် လေ့လာသွားမည်ဟု အထက်ပါ စီမံကိန်းဒါရိုက်တာက ပြော သည်။
“ဆန်းစစ်ဆဲဆိုတော့ ဖြစ်/မဖြစ် အတိအကျ မပြောနိုင်သေးဘူး၊ သူတို့ (လေ့လာစစ်တမ်းပြု ကုမ္ပဏီတွေ) ဘယ်လိုပုံစံ ပြန်လာမယ်ဆိုတာ ကြည့် ပြီးမှပဲ ပြန်ပြီး ဆုံးဖြတ်နိုင်မယ်”ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။

ယခု လက်မှတ်ရေးထိုးသည့် နား လည်မှု စာချွန်လွှာမှာ တနင်္သာရီတိုင်း တွင်း လျှပ်စစ်ထုတ်နိုင်စွမ်းရှိ/မရှိ ဆန်း စစ်သည့် တတိယမြောက် စာချွန်လွှာ ဖြစ်သည်။
ဩဂုတ်လ ၇ ရက်ကလည်း ပလောက်မြို့၊ ပလောက်ချောင်းတွင် ရေ အားဖြင့် လျှပ်စစ်၂၅ မဂ္ဂါဝပ် ထုတ် နိုင်စွမ်း ရှိ/မရှိ ၁၈ လ စစ်တမ်းပြုရန် SEGEPကုမ္ပဏီနှင့် အစိုးရ လက်မှတ် ရေးထိုးခဲ့သည်။
မြိတ်မြို့နယ် ကဘင်းရွာအနီးတွင် စွန့်ပစ်ပစ္စည်းဖြင့် လျှပ်စစ် ၁၂ မဂ္ဂါဝပ် ထုတ်နိုင်စွမ်း ရှိ/မရှိ ၃ လ စစ်တမ်း ပြုရန် ထက်မြက်သော မြန်မာ ကုမ္ပဏီ မှ ဇူလိုင်လ ၁၄ ရက်တွင် လက်မှတ်ရေးထိုး ခဲ့သည်။

အခြား ကုမ္ပဏီအချို့ကလည်း တနင်္သာရီတိုင်းအတွင်း အရင်းအမြစ် အသီးသီးမှ လျှပ်စစ်ထုတ်ယူရန် ဖြစ် မြောက်နိုင်စွမ်းရှိ /မရှိ လေ့လာ စစ်တမ်း ပြုနိုင်ရေး (MOU့) ရေးထိုးရန် တင်ပြ လာ သည်များရှိပြီး ဥပဒေချုပ်ရုံး၏ အကြံပြုချက်ဖြင့် ကုမ္ပဏီများနှင့် တိုင်း အစိုးရအဖွဲ့တို့ ညှိနှိုင်းပြင်ကာ လက်မှတ် ထိုးနိုင်ရေး ဆောင်ရွက်နေသည်ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။