ဖမ်းမိသည့် ဆိုင်ကယ်ခိုးသူနှစ်ဦးက အခြားဆိုင်ကယ် ငါးစီးခိုးထားသည်ဟု ထွက်ဆို

0
407

မြိတ်မြို့၊ ကမ်းနားလမ်းတွင် ဩ ဂုတ်လ ၁၇ ရက်က ဖမ်းမိခဲ့သည့် ဆိုင် ကယ်ခိုးယူထားသူနှစ်ဦးက အခြား ဆိုင် ကယ် ငါးစီးကိုလည်း ခိုးယူထား သည် ဟုထွက်ဆိုခဲ့ကြောင်း မြိတ်မြို့မရဲစခန်း ထံမှ သိရသည်။

နယ်ထိန်းခေါင်းဆောင်နှင့် ရဲတပ် ဖွဲ့ဝင်အချို့ကင်းလှည့်နေစဉ် ကမ်းနား လမ်းတွင် ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာ ဖွယ် လူ ၂ ဦးအား တွေ့ရှိခဲ့ပြီး စစ်ဆေး မေးမြန်းရာမှ ဆိုင်ကယ်မှာ ခိုးယူထား သည့် ဆိုင်ကယ်ဖြစ်နေကြောင်း ရဲစခန်း မှ သိရသည်။

အဆိုပါ ဆိုင်ကယ်မှာ ဩဂုတ်လ ၄ ရက်က ကန်ခေါင်းရပ်ကွက်ရှိ မိခင်နှင့် ကလေး ဆေးရုံဝင်းအတွင်း ပျောက်ဆုံးခဲ့ သည့် ယင်းဆေးရုံတာဝန်ကျ ဆရာဝန် တစ်ဦး၏ဆိုင်ကယ်ဖြစ်နေကြောင်း မြိတ် ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

၎င်းအပြင် ဖမ်းမိသူနှစ်ဦးက ပြီးခဲ့ သည့် ၉ လအတွင်း အေးစန္ဒာရေခဲစက် အနီးမှ ၂ စီး၊ ပုလောမြို့နယ်မှ ၁ စီး၊ ရေဖြူမြို့နယ်မှ ၁ စီးနှင့် မြိတ်ကမ်း နားလမ်း ပုလဲရတနာခန်းမအနီးမှ ၁ စီး စုစုပေါင်း ငါးစီး ခိုးယူထားသည်ကိုလည်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း မြို့မရဲ စခန်းမှ သိရသည်။

ဆိုင်ကယ် ခိုးမှုကျူးလွန်ခဲ့ကြသူ နှစ်ဦးအား မြို့မရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ယင်းရဲစခန်းထံမှ သိရ သည်။