သမုတ်-သစ်ယာဝ ကျေးရွာချင်းဆက် သစ်သားတံတား နိမ့်ဆင်း

0
434

မြိတ်မြို့နယ် သစ်ယာဝကျေးရွာ အုပ်စုရှိ သမုတ်-သစ်ယာဝကျေးရွာ ချင်းဆက် သစ်သားတံတားသည် ဩ ဂုတ်လ ၁၅ရက် နံနက်ပိုင်းက တိုင်ခြေ များနိမ့်ဆင်းသွားခဲ့ကြောင်း ယင်းကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှသိရသည်။
ယင်းသစ်သားတံတားရှိ တိုင်ခြေ များဆွေးမြေ့နေသဖြင့် တံတားနိမ့်ဆင်းခဲ့ ပြီး ခင်းပြင်များကျိုးပဲ့ပျက်စီးခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းဇော်ထံ က ပြောသည်။

လက်ရှိတွင် သွားလာရေး အဆင် ပြေနိုင်ရန် ယာယီပြုပြင်ထားပြီးဖြစ်ကာ ယင်းသစ်သားတံတားအစား သံကူကွန် ကရစ် တံတားတစ်ခု တည်ဆောက်နိုင် ရန် သက်ဆိုင်ရာဌာနများနှင့် တိုင်းဒေသ ကြီးအစိုးရထံတင်ပြထားကြောင်း အုပ် ချုပ်ရေးမှူးက ပြောပြသည်။
ယင်းသစ်သားတံတားသည် ကြံ့ ခိုင်မှုအားနည်းနေသည့်အတွက် ပြီးခဲ့ သည့် ၈ လဝန်းကျင်မှစပြီး မော်တော် ယာဉ်များကို ဖြတ်သန်းသွားလာခွင့် မပြုဘဲ လက်ရှိအချိန်ထိ လူနှင့် ဆိုင် ကယ်များသာ သွားလာခွင့်ပေးထား ကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါ သစ်သားတံတားသည် အရှည် ၂၄၈ ပေရှိပြီး ကျေးရွာ ၃ ရွာမှ ဒေသခံများ အသုံးပြုရှိသည်။
သမုတ်နှင့် သစ်ယာဝ ကျေးရွာ ချင်းဆက် တံတား ၄ စင်းအနက် အရှည် ဆုံး တံတားဖြစ်ကြောင်း သိရသည်။