ပြည်ကြီးမဏ္ဍိုင်တွင် မြေ ဧက ၁၅၀ ခန့်ကို စားကျက်မြေအဖြစ်မှ ပယ်ဖျက်ရန်စီစဉ်

0
508

ပြည်ကြီးမဏ္ဍိုင်မြို့တွင် လူနေထိုင် လျက်ရှိသည့် မြေဧက ၁၅၀ ခန့်ကို စားကျက်မြေအဖြစ်မှပယ်ဖျက်ရေး ကော့ သောင်း ခရိုင်ထွေ/အုပ်သို့ ဘုတ်ပြင်းမြို့ နယ် ထွေ/အုပ်မှ ယခုလအတွင်း တင်ပြ ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ပြောကြားသည်။

ဩဂုတ်လ ၁၈ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ဘုတ်ပြင်းမြို့နယ် လွှတ်တော်ကိုယ် စားလှယ်၏ ပြည်ကြီးမဏ္ဍိုင်မြို့ တည် ဆောက်ထားသည့်မြေကို မြို့မြေအဖြစ် ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းကို ဒုတိယဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
စားကျက်မြေအပေါ်တွင် မြို့တည် ဆောက်ထားခြင်းကြောင့် စားကျက်မြေ ပေါ်တွင် ကျူးကျော်နေထိုင်နေရသကဲ့သို့ ဖြစ်နေသည့်အတွက် မြို့သူမြို့သားများ စိုးရိမ်ပူပန်နေရသည်ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးနေလင်းထွန်းက ပြောသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်ရှိ ပြည်ကြီး မဏ္ဍိုင်ရပ်ကွက်တွင် ၇၅ ဧက၊ လေညာ အနောက်ရပ်ကွက်တွင် ၂၅ ဧက၊ ပြည် ကြီးမဏ္ဍိုင်မြို့နှင့် ဆက်စပ်လျက်ရှိသည့် လင်ဖိုကမ်းနှင့် ဘန်ဂလားကျေးရွာတို့ တွင် ၄၉ ဧကကျော် စုစုပေါင်း ၁၄၉ ဧကကျော်ကို စားကျက်မြေ အဖြစ်မှ ပယ်ဖျက်ရန် တင်ပြထားခြင်း ဖြစ်သည်။

ယင်းစားကျက်မြေများကို အမှုတွဲ တည်ဆောက်ကာ ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနသို့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ ရက်စွဲပါစာဖြင့် တင်ပြခဲ့ ကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြောကြား သည်။ လက်ရှိတွင် တနင်္သာရီတိုင်းဒေသ ကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြနိုင်ရန်အတွက် ကော့သောင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“စားကျက်မြေကနေ မပြောင်းသေး တော့ နေထိုင်သူတွေက ခိုင်ခိုင်မာမာ ဖြစ်ဖို့ အိမ်ဂရံလျှောက်မရဘူး ဖြစ်နေ တယ်။ အဲဒီထဲမှာ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းနဲ့ သုဿန်တစ်ခုအပြင် အချို့ အစိုးရအဆောက်အအုံတွေတောင် ပါဝင် နေတယ်”ဟု ဦးနေလင်းထွန်းက ပြော သည်။
ပြည်ကြီးမဏ္ဍိုင်ကို ၂၀၀၃ ခုနှစ်က မြို့နယ်ခွဲအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၅ ခုနစ်တွင် မြို့အဖြစ် သတ်မှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

လူနေထိုင်သည့်နေရာများကို စား ကျက်မြေအဖြစ်မှ နှုတ်ပယ်၊ ပယ်ဖျက်ရန် စားကျက်မြေကိုမှီခိုနေရသည့် ပတ်ဝန်း ကျင် ကျေးရွာများမှ ကျွဲနွားများတွင် ကျန်ရှိသည့် စားကျက်မြေလုံလောက်မှု ရှိမရှိ၊ သက်ဆိုင်ရာဌာန၏သဘောထား ထောက်ခံချက်၊ ဒေသခံများ၏ သဘော တူညီချက်၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့များ၏ စိစစ်ထောက်ခံ ချက်များအပေါ် ပြည်ထဲရေးဝန်ကြီးဌာန က သတ်မှတ်ပေးရမည်ဖြစ်သည်။