စခန်းကြီးလမ်း အမြန်ခင်းပေးပါ

0
495

ထားဝယ်မြို့မှ မော်တော်ဆိုင် ကယ်ဖြင့် နာရီဝက်ခရီးသာရှိသော စခန်း ကြီးကျေးရွာအုပ်စု ကျေးရွာချင်းဆက် လမ်းအား အမြန်ခင်းပေးပါရန် ကျေးရွာ အုပ်စု ရွာသားများက တောင်းဆိုလိုက် ကြသည်။

ယင်းကျေးရွာချင်းဆက် မြေသား လမ်းမသည် စုစုပေါင်း အိမ်ခြေ ၁၅၀၀ ကျော်ရှိသော ကျေးရွာ ၈ ရွာမှ ရွာသား များ နေ့စဉ်အမှီပြုနေပြီး ကြည့်မျှော် တောင်ဘုရားသို့ သွားရာလမ်းလည်း ဖြစ်ကြောင်း ရွာသားများက ပြောကြ သည်။

“လမ်းက ခေတ်အဆက်ဆက် ဘယ်အစိုးရမှ လာမခင်းဘူး။ ခု တအားဆိုးနေလို့ ကိုယ်ထူကိုယ်ထ ချည်း ပြင်နေရတာ။ မိုးရာသီဆို ရွာသား တွေ တစ်နှစ် ၁၀ ခါလောက် ပြင်ရတယ်” ဟု စခန်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်နီဝင်းက ပြောသည်။

လောင်းလုံးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေး က ယင်းလမ်းကို မည်သည့်အချိန်တွင် ခင်းပေးရန် တိုင်းဒေသကြီးလွှတ်တော် တွင် မေးဖူးပြီး အစိုးရအဖွဲ့မှ နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် ခင်းပေးမည်ဟု ဖြေ ကြားဖူးသည်။