လောင်းလုံးမြို့ပေါ် ပုဂ္ဂလိကအ မှိုက်သိမ်းလုပ်ငန်း အကောင်အထည်ဖော်မည်

0
357

လောင်းလုံးမြို့ပေါ် ရပ်ကွက်လေး ခုတွင် စက်တင်ဘာလ ၁ ရက်မှ စတင် ကာ ပုဂ္ဂလိကအမှိုက်သိမ်းလုပ်ငန်း ဆောင်ရွက်ရန်စီစဉ်နေကြောင်း လောင်း လုံးမြို့နယ် စည်ပင်သာယာရေးကော်မ တီထံမှ သိရသည်။
မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ တွင် အမှိုက်သိမ်းရန် ဝန်ထမ်းအင်းအား မလုံလောက်ခြင်း၊ စက်ပစ္စည်းများ မလုံ လောက်ခြင်းစသည်တို့ကြောင့် ယင်းကဲ့ သို့စီစဉ်ရခြင်းဖြစ်ကြောင်း လောင်းလုံး မြို့နယ် စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူးဦးထွန်းမြင့်ကပြောသည်။

ဝန်ဆောင်ခကိုမူ အမှိုက်အနည်း အများပေါ် မူတည်ကာ တစ်လကျပ်တစ် ထောင်မှ ကျပ်သုံးထောင်အကြား ကောက် ခံရန် သတ်မှတ်မည်ဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းလုပ်ဆောင်မည့်သူများ၏ လျှောက် လွှာလက်ခံလျက်ကြောင်း ဦးထွန်းမြင့်က ပြောသည်။
“လုပ်ငန်းရှင်က စည်ပင်သာယာရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်ရမယ်။ တစ်ခုခု ကိစ္စရှိရင် စည်ပင်သာယာရေး ကော် မတီမှာ လာပြောနိုင်တယ်”ဟု ၎င်းက ပြောသည်။

ယခင်က စည်ပင်သာယာမှ ပုံမှန် အမှိုက်လာရောက် သိမ်းဆည်းမှု မရှိ သဖြင့် မိမိအစီအစဉ်ဖြင့် အမှိုက်များစွန့် ပစ်နေရပြီး ယခုကဲ့သို့ ပုဂ္ဂလိကလုပ်ငန်း ရှင်က ဆောင်ရွက်မည်ကို ကြိုဆိုကြောင်း မြို့ခံများက ပြောသည်။
“ကျွန်တော်ကတော့ အရမ်းကြိုက် တယ်။ အခုလို လုပ်မယ်ဆိုတာ နောက် တောင်ကျနေပြီ။ တစ်ပတ်ကို နှစ်ရက်ဆို နှစ်ရက် ကတိတည်အောင် ဆောင်ရွက် ပေးစေချင်တယ်”ဟု (ဃ)ရပ်ကွက်မှ ထမင်းဆိုင်ပိုင်ရှင် ဦးမြတ်ဇာက ဆို သည်။

သိမ်းဆည်းပြီးသော အမှိုက်များကို (ခ)ရပ်ကွက်ရှိ နေရာတစ်နေရာ (အရပ် အခေါ်ကြံတိုင်းရှောင်အရပ်) နှင့် လောင်း လုံးမြို့အထွက် ယခင်အမှိုက်စွန့်ပစ်နေ ကျနေရာတို့တွင် စွန့်ပစ်ရန်ကနဦးသတ် မှတ်ထားပြီး နောက်ပိုင်းတွင် ကြံတိုင်း ရှောင်အရပ်တွင်သာ စွန့်ပစ်ရန်စီစဉ် ထားကြောင်း သိရသည်။