လစဉ်ကြေး မပေးသူများကြောင့် ထားဝယ် ပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်းများ ရပ်တည်ရေးခက်ခဲ

0
457

အမှိုက်ပစ်သူအချို့က အမှိုက်သိမ်းခ ပေးဆောင်ခြင်း မရှိသည့်အတွက် ထား ဝယ်မြို့တွင် လုပ်ကိုင်နေကြသည့် ပုဂ္ဂလိ က အမှိုက်သိမ်းလုပ်ငန်းအချို့ ရေရှည် ဆက်လက်လုပ်ကိုင်ရန် အခက်အခဲဖြစ် လာနိုင်ကြောင်း ပုဂ္ဂလိကအမှိုက်သိမ်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။
ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်တွင် အမှိုက်ပစ်ကြသည့် အိမ်အချို့က အိမ် ၃ အိမ်ခန့် စုပေါင်းပစ်ကြပြီး ငွေရှင်း သည့်အချိန်တွင် တစ်အိမ်အတွက် ကုန် ကျငွေသာပေးဆောင်သဖြင့် ရေရှည်တွင် အခက်အခဲဖြစ်လာနိုင်ကြောင်း ထားဝယ် မြို့ ပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်း လုပ် ကိုင်နေသည့် အနီရောင်အမှိုက်သိမ်းဝန် ဆောင်မှုလုပ်ငန်းပိုင်ရှင် ဦးဇော်လေးက ဆို သည်။

“ဒီလိုလူတွေ များလာရင် အခက် အခဲဖြစ်လာနိုင်တယ်။ အခုက ဒီလိုလူ တွေ အနည်းအကျဉ်းပဲ ရှိနေတယ်ဆို တော့”ဟု ဦးဇော်လေးကပြောသည်။
လက်ရှိအချိန်တွင် တစ်လလျှင် ပျမ်းမျှ ငွေသိန်း ၂၀ကျပ်ခန့် အရှုံးပေါ် နေသည့်အတွက်နောက် ၂ လခန့်ကြာ ပါက လုပ်ငန်းရပ်ဆိုင်းရမည့်အခြေအနေ ရှိကြောင်း 3R အမှိုက်သိမ်း ဝန်ဆောင်မှု လုပ်ငန်းမှ ဦးနိုင်လင်းအောင်က ဆို သည်။
“လက်ရှိ ဝင်ငွေထဲကကို လျော့လာ တာမျိုး ရှိတယ်၊ အမှိုက်မပစ်ဘူးဆိုတာ က ဘယ်မှာ သွားပစ်မလဲပေါ့”ဟု ဦးနိုင် လင်းအောင်က ပြောသည်။
လက်ရှိ ထားဝယ်မြို့ပေါ်တွင် ပုဂ္ဂလိက အမှိုက်သိမ်းဝန်ဆောင်မှုလုပ် ငန်း ၄ ခုရှိပြီး မြို့ပေါ်ရပ်ကွက်အလိုက် ဝေမျှအမှိုက်သိမ်းသည်။

ပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်း များမှာ မြို့တော်သန့်ရှင်းရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီလုပ်ကိုင် နေသည့်အတွက် အမှိုက်သိမ်းခ ပုံမှန် ပေးဆောင်ရန် မေတ္တာရပ်ခံလိုကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
“လုံးဝမရှိလို့ (ငွေကြေးချို့တဲ့) မထည့်နိုင်ဘူးဆိုရင် မထည့်ပါနဲ့၊ အခု က ရှိတဲ့သူတွေကပါ ကပ်နေကြတယ်”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်များ မဝင်နိုင်သည့် လမ်းကြားများ၊ ဆေးရုံ၊ စာသင်ကျောင်း အစရှိသည့် နေရာ အချို့ကို စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်များဖြင့် သိမ်းဆည်း နေကြောင်း ၎င်းက ဆိုသည်။

အမှိုက်သိမ်းခအဖြစ် အိမ်တစ် ဆောင်လျှင် မီးဖိုချောင်အမှိုက် အတွက် တစ်လလျှင် ငွေ ၂၀၀၀ကျပ်၊ ဈေးဆိုင်နှင့် အိမ်တွဲထား သည့် အမှိုက်ထွက်များသည့် အိမ်ကို ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ်အထိ နှင့် အမှိုက်ထွက်ရှိမှုအပေါ် မူတည်ကာ ကောက်ခံနေကြောင်း ပုဂ္ဂလိအမှိုက်သိမ်း ဝန်ဆောင်မှု လုပ်ငန်းအချို့ထံမှ သိ ရသည်။