သက်ငယ်မုဒိမ်း ဖြစ်ပွားနှုန်း ထားဝယ်အများဆုံး

0
407

တိုင်းအတွင်း ခရိုင် ၃ ခုရှိသည့် အနက် ထားဝယ်ခရိုင်တွင် သက်ငယ် မုဒိမ်းဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
သက်ငယ်မုဒိမ်းဖြစ်ပွားမှုမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၀ ရက် နေ့အထိ ထားဝယ်ခရိုင်တွင် ၁၃ မှု၊ မြိတ်ခရိုင်တွင် ၁၀ မှုနှင့် ကော့သောင်း ခရိုင်တွင် ၇ မှု အရေးယူထားကြောင်း တိုင်းရဲမှတ်တမ်းအရ သိရသည်။

အရေးယူထားမှုများအရ သက်ကြီး မုဒိမ်းမှု ၇ မှု ရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှု မှာ ၃၀ မှုရှိကာ သက်ငယ်မုဒိမ်းမှုဖြစ် ပွားမှုက ၄ ဆကျော် ပိုများနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

“မုဒိမ်းအတွက် သားကောင်ကို ရှာရာမှာ ကလေးတွေကို ပစ်မှတ် ထားလာကြတယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။
တိုင်းအတွင်း သက်ငယ်မုဒိမ်းမှု မမြောက်သည့် ကြံစည်မှု(သက်ကြီး၊ သက်ငယ်) ၄၁ မှုရှိကြောင်း တိုင်းရဲ မှတ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် အသက် ၁၆ နှစ် အောက်ကို ကလေးသူငယ်အဖြစ် သတ် မှတ်ထားသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် တိုင်း အတွင်း သက်ငယ်မှုဒိမ်းမှု ၁၅ မှုရှိခဲ့ သည်။