ခိုးဝင်ဘင်္ဂါလီ၊ မူးယစ်နှင့် လောင်းကစားများနှိမ်နင်းရေး ခြေလှမ်း သစ်

0
491

ခိုးဝင်ဘင်္ဂါလီအရေးနှင့် ရပ်ကွက်များအတွင်း ဖြစ်ပွားနိုင်သည့် မူးယစ်ဆေးဝါးအမှု၊ လောင်းကစားအစရှိသည့် ဒုစရိုက်မှုများကို ချက်ချင်းထိန်းချုပ်နိုင်ရန်နှင့် သတင်းအချက်အလက်များ လျင်မြန်စွာရရှိရန် ရပ်ရွာနေ ပြည်သူအခြေပြုအဖွဲ့များဖွဲ့စည်းရန် စတင်ပြင်ဆင်နေပြီဟု တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။ တနင်္သာရီတိုင်းသည် နယ်စပ်ဒေသဖြစ်ခြင်း၊ ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် နယ်နိမိတ်ထိစပ်မှု ရှည်လျားခြင်း၊ မူးယစ်ဆေးနှင့် လက်နက်များဖမ်းမိနေခြင်း စသောအကြောင်းအရင်းများကြောင့် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။

တိုင်းရဲတပ်ဖွဲ့က ကမကထပြု ဖွဲ့ စည်းမည့် ယင်းအဖွဲ့သည့် ရပ်ကွက် အတွင်း သတင်းစုံစမ်းခြင်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ကင်းလှည့်ခြင်းများ အပါ အဝင် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ရပ် ကျေး အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါ အဖွဲ့များကို တိုင်းတွင်း မြို့နယ် ၁၀ ခုရှိ မှုခင်းဖြစ်ပွားမှု များ သည့် ရပ်ကွက်များတွင် ဩဂုတ်လ ၂၇ ရက်နေ့ နောက်ဆုံးထား ဖွဲ့စည်းသွား မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။

မှုခင်းဖြစ်ပွားမှုများသည့် ရပ်ကွက် များတွင် အထိုင် ရုံးခန်းဖွင့်သွားမည်ဖြစ် ပြီး ယင်းအဖွဲ့တွင် ရဲတပ်ဖွဲ့ဝင်များ၊ ရဲဝန်ထမ်းအငြိမ်းစား၊ ရပ်မိရပ်ဖ၊ ပရဟိ တအဖွဲ့များ အစရှိသူများပါဝင်ကာ တစ် ဖွဲ့လျှင် ၁၀ ဦးထက် မပိုသည့် လူဦးရေ ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။
အဆိုပါအဖွဲ့ကဲ့သို့ ရန်ကုန်တိုင်း တွင် ဖွဲ့စည်းဆောင်ရွက်ရာ အောင်မြင်မှု ရရှိနေသည့်အတွက် တနင်္သာရီတိုင်းတွင် လည်း ဖွဲ့စည်းရန် စီစဉ်လာခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

လူထုအများစုကမူ ယင်းကဲ့သို့ ဖွဲ့စည်းမှုအပေါ် သံသယဖြင့် ကြိုဆိုကြ သည်။
လူထုကြားထဲဝင်ကာ သတင်း အချက်အလက်ရယူခြင်းဖြစ်သည့်အတွက် အကျိုးရှိနိုင်သော်လည်း ယင်းအဖွဲ့တွင် ပါဝင်သူများက ဥပဒေကို လေးစားလိုက် နာရန်နှင့် အများအကျိုးဆောင်ရွက်သူ များဖြစ်ရန် လိုအပ်ကြောင်း ထားဝယ် မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးထွန်းကြည်က ဆိုသည်။

“အပြုသဘောနဲ့ ပြောမယ်ဆိုရင် ဒီမိုကရေစီစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးတဲ့ ဆေးတစ်ခွက်လိုပဲ”ဟု ဦးထွန်းကြည်က ပြောသည်။
ယင်းကဲ့သို့ ဖြစ်မလာဘဲ အဖွဲ့တွင် ပါဝင်သူများက အငြိုးဖြင့် လီဆယ်တိုင် တန်းခြင်း၊ အာဏာပြခြင်းကဲ့သို့ မကောင်း သည့်ဖက်ကို ဦးတည်မည်ဆိုပါက လက် ရှိအခြေအနေထက်ပင် ပိုဆိုးသွားနိုင် ကြောင်း ၎င်းကထောက်ပြသည်။

ယခင်ကလည်း ရဲသတင်းပေးများ က မှုခင်းကိစ္စရပ်များတွင် မတရားငွေ တောင်းခံခြင်း၊ ခြိမ်းခြောက်လုပ်ဆောင် ခြင်းများ ရှိခဲ့ခြင်းကြောင့် ပြည်သူများ အကြား ဝေဖန်မှုရှိခဲ့သည်။
“မှန်မှန်ကန်ကန်နှင့် ပြည့်သူအကျိုး ပြုလုပ်မယ်ဆိုရင် ပြဿနာမရှိဘူး၊ ဖမ်း ဆီးရေးအဖွဲ့ဆိုပြီး နာမည်ခံလုပ်စားနေ တာရှိနေတော့ ဒီသဘောမျိုးမသက် ရောက်အောင် ဝိုင်းပြီးထိန်းလုပ်ရမယ်”ဟု မြိတ်မြို့နယ် သစ်ယာဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလင်းဇော်က ပြော သည်။

တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုး ကမူ ယခင်ကရှိခဲ့သည့် ရဲသတင်းပေးသူ များမှာ အဖွဲ့အစည်းအသွင် မဟုတ် သည့်အတွက် လှည့်ကွက်သုံးကာချောက် တွန်းမှုများ လုပ်ဆောင်နိုင်သော်လည်း လက်ရှိအဖွဲ့များတွင် ယင်းကဲ့သို့ မဖြစ် စေရန် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲ တပ်ဖွဲ့မှူးများက ကြီးကြပ်သွားမည်ဟု ဆိုသည်။
ပြည်သူအချို့ကမူ ရဲတပ်ဖွဲ့ဝင်များ ဖက်က ထမ်းဆောင်ရမည့် တာဝန်ကို ကျေပွန်စွာနှင့် မှန်မှန်ကန်ကန်လုပ်ဆောင် မည်ဆိုပါက လူထုပူးပေါင်းပါဝင်လာ မည်ဖြစ်ပြီး ယင်းကဲ့သို့ ဖွဲ့စည်းရန် လိုအပ်မည်မဟုတ်ဟု ထင်မြင်သည်။

ယင်းအဖွဲ့၏ လုပ်ငန်းများအောင် မြင်ပြီး ပြည်သူများ လက်ခံယုံကြည်လာ စေရန် အဖွဲ့ဝင်များကို ရပ်ရွာမှ ယုံကြည် အားကိုး လေးစားရသူများကို ရွေးချယ် ဖွဲ့စည်းသင့်ကြောင်း လောင်း လုံးမြို့နယ် ညင်းမော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်ချိုချိုစန်းက အကြံပြုသည်။
“ဖွဲ့မယ်ဆိုကတည်းက တစ်ရွာလုံး ကိုတော့ အသိပေးဖို့လိုမယ်”ဟု အုပ်ချုပ် ရေးမှူး ဒေါ်ချိုချိုစန်းက ပြောသည်။

ယခင်ခေတ်က စွမ်းအားရှင်ကဲ့သို့ အဖွဲ့မျိုး ဖြစ်မလာစေရန် အဖွဲ့၏ လုပ် ပိုင်ခွင့်ကို ပြတ်ပြတ်သားသား ရှင်းရှင်း လင်းလင်းပြောထားရန် လိုအပ်ပြီး လုပ် ပိုင်ခွင့် အလွဲသုံးမှုများ ဖြစ်လာပါက ပြဿနာရှိလာနိုင်ကြောင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ထောက်ပြသည်။
အဆိုပါ ရပ်ရွာနေ ပြည်သူအခြေပြု အဖွဲ့များကို ထားဝယ်မြို့တွင် ကြက်စား ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်တို့၌ ကနဦး ဖွဲ့စည်းသွားရန် လျာထားကြောင်း သိရသည်။

ယင်းကဲ့သို့ ဖွဲ့စည်းပါက ကောင်း ကျိုးအနေဖြင့် ပြဿနာအချို့အတွက် ရဲစခန်းကို သွားရန်မလိုအပ်တော့ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ပင် ဖြေရှင်း နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ အဖွဲ့များတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး(သို့မဟုတ်) ၂ ဦးခန့် ပါဝင်မည် ဖြစ်ပြီး ရပ်ကွက်အတွင်း ထူးခြားမှုရှိက သတင်းပေး ရမည်ဖြစ်ကာ ရှင်းနိုင်မည့် ပြဿနာများကို ဖြေရှင်းပေးမည်ဖြစ်ပြီး ယင်းအဖွဲ့ဖြင့် မဖြေရှင်းနိုင်ပါက သက် ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းများမှ သွားရောက် ဖြေရှင်းမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။

ထို့အပြင် အန္တရာယ်ရှိနိုင်မည့် အခြေအနေများတွင် (လက်နက်ပါသည့် လူကို ဖမ်းဆီးခြင်းကဲ့သို့) ရဲတပ်ဖွဲ့ကပင် ဖြေရှင်းမည်ပြီး ကျန်သည့် အဖွဲ့ဝင် များက ဦးဆောင်ဖြေရှင်းရန် မလိုအပ်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။
ရဲတပ်ဖွဲ့ကို ကူညီဆောင်ရွက်ရာ တွင် ခြိမ်းခြောက်ရန်စမှုအချို့ ကြုံတွေ့ နေရပြီး အဖွဲ့လိုက် လုပ်ဆောင်မည် ဆိုပါက လုံခြုံမှု ပိုရှိလာနိုင်ကာ သတင်း အချက်အလက် ရရှိမှုတွင်လည်း ပိုအား ကောင်းလာနိုင်ကြောင်း ထားဝယ်မြို့တွင် နေထိုင်သည့် ရဲသတင်းပေး လုပ်နေသူ ဦးအောင်လွင်က ဆိုသည်။
“ပြည်သူက ရဲကို ယုံကြည်မှုအပြည့် ရှိနေပြီဆိုရင်တောင် ဒီလိုအဖွဲ့မျိုး လိုအပ် တယ်”ဟု ဦးအောင်လွင်က ပြောသည်။

ထားဝယ်မြို့ မြို့မိမြို့ဖဖြစ်သူ ဦးထွန်းကြည်ကမူ ယင်းအဖွဲ့အစည်းတွင် ပါဝင်လာသူများသည် ဥပဒေကို လေး စားလိုက်နာပြီး တိုင်းချစ်ပြည်ချစ် စိတ်ရှိ သည့် အများအကျိုး ဆောင်ရွက်လိုစိတ် ရှိသူများသာဖြစ်ပါစေဟု ဆုတောင်း ကြောင်း ပြောသည်။
“ဆုတောင်းရုံမှတစ်ပါး ဘာမှ မတတ်နိုင်ဘူး။ ရဲဖက်ကရော အရပ်ဖက် ကရောပေါ့။ ဒါမှမဟုတ်ရင် မကောင်းမှု က ပိုပြီးတော့ ကြီးထွားလာနိုင်တယ်”ဟု ဦးထွန်းကြည်က ပြောသည်။