ဩဇာ၊ အာဏာနှင့် သရုပ်ပြနိုင်ငံရေး

0
685

သရုပ်ပြနိုင်ငံရေးကိုက ကျွမ်းကျင် သူ ရှားလှသည်။ ထို့အပြင် ယင်းကို အကျိုးသက်ရောက်မှုများအောင် လုပ်နိုင် သူလည်း ရှားလှပါသည်။
ထိုကြောင့် တချို့သရုပ်ပြနိုင်ငံ ရေးများက ပြည်သူတို့ကြား ဟာသသ ဖွယ် ဖြစ်ရသည်။ အကျိုးသက်ရောက်မှု မရှိဘဲ တိုင်းပြည်၏ ဘဏ္ဍာများအလ ဟဿ ဖြစ်ရသည်။
လက်ရှိ တနင်္သာရီတိုင်းတွင် ကြက် သားစားပွဲများ ကျင်းပမည် ကြားနေရ သည်။ မူအရ ကြိုဆိုသည်။
သို့သော်..။
x x x

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရမဖွဲ့သေး မီ ၂၀၁၅နှစ်ကုန်ပိုင်းတွင် ဒေါ်အောင် ဆန်းစုကြည် အမှိုက်ကောက် ပြခဲ့သည်။
အခြားမြို့များတွင် မည်သို့ရှိသည် မသိ။ ထားဝယ်နှင့် မြိတ်တို့တွင် လမ်း ဘေးအမှိုက်ပုံး တစ်ခေတ်ဆန်းလာ ခဲ့ သည်။ ကျေးရွာအချို့၏ ဓာတ်တိုင်များ တွင် အမှိုက်ခြင်းငယ်များ တွေ့လာရ သည်။ အမှိုက်ပုံးထဲ တခုတ်တရ အမှိုက် ပစ်သူ နည်းသေးသည်ကတော့ အမှန်။

မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစု ကြည် အမှိုက်ကောက်ပြပွဲ (အတန်အ သင့်) အောင်မြင်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်တို့ မြိတ်တွင် အုပ်စုချီ အမှိုက်သိမ်းပွဲ ပြုလုပ်ခဲ့သည်။ ဌာနဆိုင်ရာတို့လည်း တသီတတန်းကြီး ပါဝင်ခဲ့သည်။ သို့သော် ပွဲပြီး မီးသေ။ ယင်းအမှိုက်သိမ်းပွဲကြောင့် မြိတ်မှ ဌာန ဆိုင်ရာ ဝန်ထမ်း(ငယ်)များဆီမှ နံနက် စောစော အိပ်ရေးပျက်ရသည်ဟူသည့် ညည်းသံထွက်ခဲ့သည်သာ အဖတ်တင် သည်။

ယင်းမြိတ် အမှိုက်သိမ်းပွဲ နံနက် နှင့် တစ်ချိန်တည်းတွင် ထားဝယ်မြို့တွင် မြေယာ ပြဿနာတက် နေခဲ့သည်။ ကုမ္ပဏီတစ်ခုမှ သူလုပ်ကိုင်ခွင့်ရထား သည်ဆိုသော မြေကွက်တွင် မြေဖို့သဖြင့် ယင်းမြေကွက်ကို ပိုင်ဆိုင်သည်ဆိုသူ တို့က ကာကွယ် နေကြရသည်။
ယင်းအမှိုက်သိမ်းပွဲကြောင့် မြိတ် အမှိုက်ကိစ္စ ပိုမထူးခဲ့ချေ။ ထားဝယ် ဒေသခံတို့၏ “ထားဝယ်မှ အချိန်ကိုက် ခရီးထွက် သွားခြင်းလော”ဟု ထင်စရာ ဖြစ်ခဲ့သည်သာ အဖတ်တင်ခဲ့သည်။

အာဏာနှင့်ဩဇာ မတူပါ။ အာ ဏာရှိသူတိုင်း ဩဇာမညောင်းတတ်ပါ။
ဥပမာပြစရာ အကောင်းဆုံးပုဂ္ဂိုလ် မှာ ဒေါ်အောင်ဆန်းစုကြည် ပင်ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအာဏာမရခင် အတိုက်အခံဘ၀ တည်းက နိုင်ငံရေးဩဇာ ညောင်းခဲ့သူဖြစ် သည်။ အာဏာဆုပ်ကိုင်ထားသည့် တပ် မတော်ခေါင်းဆောင်များက ပြည်တွင်း ပြည်ပနိုင်ငံရေးဖိအားစသဖြင့် အရေးကြုံ တိုင်း သူ့ကို အရေးတယူ တွေ့ဆုံကြရ၊ တွေ့ဆုံပြကြသည်။ သူ့စကားတစ်ခွန်း၊ သူ့လုပ်ရပ်တစ်ခုတိုင်းကို တပ်မတော် အစိုးရအပြင် တစ်ကမ္ဘာလုံးက မျက်ခြည် မပြတ်စောင့်ကြည့်ခံနေရသူဖြစ်သည်။

“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်”ဟု သတ်မှတ်ခဲ့ ကြသည်။ ထို့ပြင် လူငယ်နိုင်ငံရေးသမား အများစု၏စံပြ ဖြစ်ခဲ့သည်။ သူ့ပုံပါ အင်္ကျီများ ဝတ်ဆင်ကြသလို သူ့ဓာတ်ပုံ၊ သူ့ပုံတူပန်းချီ၊ သူ့ပိုစတာများကို အိမ် ခန်း၊ အိပ်ခန်းများတွင် တခုတ်တရကပ် ကြသည်။ ကမ္ဘာကျော် ပင့်ကူလူသား (Spiderman) ရုပ်ရှင်ကားတွင်ပင် မင်း သား၏အိပ်ခန်းထဲ ဒေါ်အောင်ဆန်းစု ကြည်ပုံပိုစတာ ကပ်ထားပါသည်။

နောက်ဆုံး ကုန်ကုန်ပြောလျှင် ဒေါ်အောင်ဆန်းစုကြည်၏ စကားတစ် ခွန်းအောက်တွင် လမ်းပေါ်တက်လာမည့် လူအုပ်ကြီးက အရန်သင့်။
ယင်းသည် နိုင်ငံရေးအာဏာကြောင့် မဟုတ်၊ နိုင်ငံရေးဩဇာကြောင့်သာ ဖြစ် သည်။ နိုင်ငံရေးအာဏာ ရခဲ့သည်က ၂၀၁၆ ခုနှစ်မှသာ။
ယခုတိုင်းအစိုးရအဖွဲ့တွင် (လုပ်ပိုင် ခွင့်) အာဏာ ရှိပါသည်။ သို့သော် နိုင်ငံ ရေးဩဇာမည်မျှရှိသည်ကိုမူ မိမိကိုယ် မိမိ ချိန်ဆကြရန်လိုသည်။
တစ်ခါတစ်ရံ မိမိအလုပ်လုပ်ကြောင်း ပြချင်ဇော၊ လူလုံးပြချင်ဇောကြောင့် နိုင်ငံ ရေးသရုပ်ပြပွဲများ မလိုအပ်ဘဲ ဖန်တီး မိတတ်သည်။ ယင်းသရုပ်ပြပွဲများသည် ကောင်းကျိုးမည်မည်ရရ မရဘဲ ရှိ တတ်သည်။

ဥပမာ ဝန်ကြီးတစ်ပါး လယ်ထဲ ဆင်း စပါးစိုက်ပြသည် ဆိုပါစို့။ သုံးရ သည့်စရိတ်၊ ပေးရသည့် လုပ်အား မည်မျှ ရှိမည်နှင့် ရမည့်အကျိုးအမြတ် မည်မျှရှိ မည်ကို ချိန်ဆကြည့်ရပါမည်။
ရွာတစ်ရွာတွင် ဝန်ကြီးကစပါးစိုက် ပွဲ ကျင်းပမည်ဆိုက လယ်ကွင်း အနီးတွင် (လိုလို မလိုလို)မဏ္ဍပ်ကြီး ထိုးရသည်။ အကျွေးအမွေး ပါရသည်။ ခြောက်ကပ် ကပ်မဖြစ်ရန် ဌာနဆိုင်ရာဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ် ရေးအဖွဲ့များ၊ ရွာသူရွာသားများ ရသ လောက် ခေါ်ထားရမည်။ ဝန်ကြီးက ယင်းနေရာသို့ ဝန်ကြီးအဆောင်အယောင် (ယာဉ်တန်း)ဖြင့် လာမည်။ ဝန်ကြီး လယ်ထဲဆင်း၊ လယ်ထွန်စပါးစိုက်သော အခါ ဌာနဆိုင်ရာများ၊ ကိုယ်စားလှယ် များ၊ ရွာသားများလည်း မနေသာ။ သူ့ တို့ခမြာ ဝန်ကြီး၏ လယ်ထွန်မင်္ဂလာပွဲသို့ ဝတ်လာသည့် ဝတ်ကောင်းစားလှများကို မနှမြောနိုင်တော့ဘဲ ဝန်ကြီးနှင့်အတူပြုံး ဖြီးဖြီး စပါးစိုက်ပြ၊ လယ်ထွန်ပြကြရ တော့သည်။

ဘာပြန်ရသနည်း။ ဝန်ကြီးနှင့်အဖွဲ့ လယ်ထဲဆင်း လယ်ထွန်စပါးစိုက်ပြသ ဖြင့် မြန်မာ့လယ်ယာကဏ္ဍအပေါ်မည် သို့ အကျိုးသက်ရောက်နိုင်သနည်း။
ယင်း လယ်ထွန်မင်္ဂလာပွဲ၊ စပါးစိုက် ပွဲအတွက် ကုန်ရသည့်အချိန် များအစား လယ်ယာမြေ ပြဿနာတစ်ရပ်ရပ်ကို အားထုတ်ဖြေရှင်းကြက ပိုအကျိုးများ မည် မဟုတ်လော။ ယင်းပွဲများတွင် သုံးခဲ့ သည့် ငွေများကို လယ်သမားများအတွက် မျိုးပင် ဝယ်ပေးခြင်း၊ နည်းပညာသင်တန်း များ ပို့ချခြင်းက ပိုမကောင်း၏လော..။
ယင်းပွဲများ မဖြစ်မနေ လိုအပ်ပါ၏လော။

အကယ်၍ လက်မှုလယ်ယာခေတ်မှ စက်မှုလယ်ယာ ခေတ်ပြောင်းစတွင် ဝန်ကြီးက လယ်ထွန်စက်၊ စပါးရိပ်စက်၊ ချွေလှေ့စက်များ စမ်းမောင်းပြခြင်းဆိုက ကြိုဆိုပါသည်။ စက်များအသုံးဝင်ပုံ၊ အန္တရာယ် ကင်းရှင်းမှုတို့တို့ ပြည်သူတို့ မျက်ဝါးထင်ထင် တွေ့မြင်ခြင်း၊ သတင်း မီဒီယာမှတစ်ဆင့် လေ့လာတွေ့မြင်နိုင်ခြင်းတို့ကြောင့် အကျိုးများ ကြရမည်။

ရေရှားသည့် စင်္ကာပူတွင် လူ့မိလ္လာ အပါအဝင် အဆောက်အဦများမှ ထွက် သော ရေဆိုးများကိုသန့်စင်၍ သောက် သုံးရေအဖြစ် ပေးဝေခါစတွင် စင်္ကာပူ ဝန်ကြီးချုပ် ဂိုချောက်တောင်က ယင်းရေ ကိုဦးဆောင်သောက်ပြခဲ့လေသည်။
ယခုတနင်္သာရီတိုင်းတွင် ကြက် ငှက်တုပ်ကွေးကြောင့် နေရာအချို့ ကြက် ရောင်းဝယ်ရေးပိတ်ထားသည်။ ထားဝယ် (ဒေသ) ထမင်းဆိုင်အချို့ ကြက်သား ကြက်ဥမရောင်း(ခိုးရောင်းခိုးစား အနည်း အကျဉ်းရှိနိုင်ပါသည်)။ အချို့က ကြက် သားကြောက် ရောဂါစွဲနေကြသည်။ မည် သည်ကို ကြောက်မှန်းမသိဘဲ ကြောက်နေ ကြသည်။

ကြက်ခြံလုပ်ငန်းရှင်အချို့၊ ကြက်ဥ ကြက်သား ရောင်းဝယ်ရေးအချို့ စီးပွား ပျက်ကိန်း ဆိုက်နေသည်။ ဓနဥစ္စာပိုင် ဆိုင်မှုအရ တစ်ချို့ ကြက်ခြံရှင်ကြီးများက အနည်းငယ်သာ ယိမ်းယိုင်သော်လည်း အချို့ တစ်နိုင်တစ်ပိုင် ကြက်ခြံသစ်လေး များက မဟန်နိုင်။ သည်ပုံအတိုင်း ရှေ့ ဆက်နေရာက နာလန်မထူနိုင်လောက် သည်အထိ။ အခြားသားငါး၊ အသီး အရွက်ဈေးတို့ ထိုးတက်သွားသည်က လည်း တိုင်းပြည်အတွက် ကောင်းသော လက္ခဏာ မဟုတ်ချေ။

အထက်မြို့များတွင် တာဝန်ရှိသူ များက ကြက်သားစားပြပွဲ ကျင်းပသည်။ တချို့က ယင်းပွဲကို မရောင်ရာဆီလူး သည့်ပွဲအဖြင့် ပြက်လုံးထုတ် ဟာသ လုပ်ကြသည်။
မူအရ ယင်းပွဲမျိုးကိုကြို ဆိုရပါ မည်။ တနင်္သာရီတိုင်းတွင်လည်း ကြက် သားစား၍ ရပြီဆိုသည့်အချိန်တွင် တာ ဝန်ရှိသူ အစိုးရဌာနဆိုင်ရာများက ကြက် သားစားပြပွဲ ကျင်းပပေးစေလိုသည်။

သို့သော် ကြက်အသား စားပြရုံနှင့် မပြီးပါ။ အသုံးပြုမည့် ကြက်သား ကြက် ဥသည် ရောဂါဖြစ်ခဲ့သည့် မြို့မှ ဖြစ်ရ ပါမည် (ယင်းသို့ဖြစ်ကြောင်း အထောက် အထားပြနိုင်ရပါမည်)။ ကြက်ဥ၊ ကြက် သားကို မည်သို့ကိုင်တွယ်၊ မည်သို့ ချက် ပြုတ်မည်သို့စားသောက် စသဖြင့် အဆင် ဆင့် ရှင်းပြ၊ စားပြရပါလိမ့်မည်။ သို့မှ သာ ကြက်သားကို ဘာမသိညာမသိရမ်း ကြောက်နေသည့် ပြည်သူတို့စိတ်ချယုံ ကြည်ကြပါလိမ့်မည်။ အတုယူနိုင်ကြ ပေလိမ့်မည်။ ပွဲကျင်းပပုံ အခင်းအကျင်း ကောင်းလျှင် ကောင်းသလို အကျိုးများ ပါလိမ့်မည်။

ယင်းပွဲ၏ ကုန်ကျငွေများက ပြည် သူပိုင်လမ်း၊ တံတား၊ အဆောက်အဦ ဖွင့်ပွဲများမှ မိုးပေါ်တက်သွားသည့် ပူ ပေါင်းတွဲကြီးများထက် ပိုအကျိုးရှိပါ သည်။
ပြန်ချုပ်သော်..၊ အမှိုက်ကောက်ပြ၊ လယ်ထဲဆင်းပြ၊ ခတောင်းကျိုက်က တောထဲ လမ်းလျှောက်ပြ၊ ပူပေါင်းများ မိုးပေါ်လွှတ်ပြသည်ထက် ကြက်သားကို ချက်စားပြသည်ကို မြင်ချင်ပါသည်။

သရုပ်ပြနိုင်ငံရေးကို မှန်ကန်ထိ ရောက်စွာ ကျင့်သုံးတတ်ရန် လိုပါသည်။ သို့မှ တိုင်းပြည်ဘဏ္ဍာမဖြုန်းရာကျပါမည်