မိကျောင်း အမြန် လာယူပါ

0
477

မြိတ်မြို့၊ ကန်ဘောင်ရိုးရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် မွေးမြူထားသည့် ၁၀ နှစ်ကျော် သက်တမ်းရှိ မိကျောင်းကို သက်ဆိုင်ရာက အမြန်ဆုံး လာယူစေချင် ကြောင်း အိမ်ရှင်ဒေါ်သန်းဌေးထံမှ သိရ သည်။

အဆိုပါ မိကျောင်းအား ဇူလိုင်လ ၁၁ ရက်က သက်ဆိုင်ရာဌာနသို့ ခေါ် ယူအပ်နှံထားပြီးဖြစ်သော်လည်း လက်ရှိ အချိန်တစ်လကျော်သည့်အထိ လာရောက် ယူဆောင်ခြင်းမရှိသေးဟု ဒေါ်သန်းဌေး က ပြောပြသည်။

အလျား ၆ ပေခန့်ရှိ မိကျောင်း အတွက် အစာဖိုး မတတ်နိုင်ခြင်းနှင့် အရွယ်အစားကြီးလာပါက နေအိမ်ရှိ သက်ကြီးရွယ်အိုနှင့်ပတ်ဝန်းကျင်အတွက် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။

“ပြန်လွှတ်ပေးဖို့ စီစဉ်နေပါတယ်၊ အခု စီမံချက်ဆွဲပြီး ပြန်တင်နေပါတယ်” ဟု မြိတ်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးသိန်းထွန်းက ပြောသည်။
ယင်းမိကျောင်းအရွယ် တစ်ထွာခန့် ရှိအရွယ်မှစပြီး နယ်ပြောင်း သစ်တော ဝန်ထမ်းတစ်ဦးက လက်ဆောင်အဖြစ် ပေးခဲ့သဖြင့် နေအိမ်နံဘေးတွင် အုတ် ကန်ဖြင့် မွေးမြူထားခြင်းဖြစ်ကြောင်း သိရသည်။