မွန်တွင် တာဝန်မှရပ်စဲခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၇ ဦးထိ ရှိလာ

0
538

မွန်ပြည်နယ်တွင် ရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဥပဒေတွင် ပါရှိ သည့် တာဝန်နှင့် လုပ်ပိုင်ခွင့်ထက်ကျော် လွန်လုပ်ကိုင်ခဲ့၍ တာဝန်မှရပ်စဲခံရသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၇ ဦးထိရှိ လာသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ထံမှ သိရသည်။
လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တာဝန်စယူခဲ့သည့် မတ်လ ၁ ရက်မှ ဩဂုတ်လ ၂၄ ရက်ထိ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၇ ဦး တာဝန် မှ ရပ်စဲခဲ့ပြီး ၂ ဦးကိုလည်း တာဝန်မှ ရပ်စဲရန် ဆောင်ရွက်လျက်ရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေး မှူးဦးမြင့်သန်းဝင်းက ပြောသည်။

တာဝန်မှရပ်စဲခံရသည့် အုပ်ချုပ် ရေးမှူး ၇ ဦးတို့သည် ပေါင်မြို့နယ်မှ ၃ ဦး၊ ကျိုက်ထိုမြို့နယ်မှ ၃ ဦးနှင့် ချောင်းဆုံမြို့နယ်မှ ၁ ဦးတို့ဖြစ်ပြီး၊ တာ ဝန်မှ ရပ်စဲရန် ဆောင်ရွက်လျက်ရှိသည့် ၂ ဦးမှာ မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့ နယ်တို့မှဖြစ်သည်ဟု အထက်ပါ ညွှန် ကြားရေးမှူးက ပြောသည်။
“ဥပမာ အများသုံးတဲ့ ဥယျာဉ်ခြံ သူ့ရဲ့လုပ်ထုံးလုပ်နည်းနဲ့မလုပ်ဘဲ ခြံအကွက်ရိုက် ရောင်းစားတဲ့ဟာမျိုးတွေ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေမှာပါတဲ့တာဝန် လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီးတော့မှ လုပ်တဲ့ကိစ္စပြည် သူက တိုင်ကြားလာရင် စစ်ဆေးတယ်၊ စစ်ဆေးလို့ မှန်ကန်တယ် ပေါ်ပေါက် တယ်ဆိုရင် တာဝန်ကနေ ရပ်စဲတယ်”ဟု ၎င်းကဆိုသည်။

NLD အစိုးရလက်ထက်တွင် မွန် ပြည်နယ်အတွင်း၌ အုပ်ချုပ်ရေးမှူးကိစ္စ နှင့်ပတ်သက်ပြီး တိုင်ကြားလာ သည့် အမှု ၃၀ နီးပါးရှိပြီး ၎င်းတို့သည် ကျင့် ဝတ်ဖောက်ဖျက်မှု၊ အဂတိလိုက်စားမှုနှင့် ကျေးရွာမြေကွက်ရောင်းစားမှုတို့ဖြင့် တိုင်ကြားခံရသူများ ဖြစ်သည်။
အုပ်ချုပ်ရေးမှူးကိစ္စ တိုင်ကြားမှု သည် ယခုနောက်ပိုင်းတွင် ပိုများလာပြီး မြို့နယ်တိုင်းနီးပါးမှ တိုင်ကြားမှုရှိလာ ကာ တစ်ချို့တိုင်ကြားမှုမှာမူ မှန်ကန်မှုမရှိ သည်ကို စစ်ဆေးတွေ့ရှိသည်ဟု မွန် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ပြောသည်။

အုပ်ချုပ်ရေးမှူး အရေးယူခံရသည့် ကိစ္စသည် သထုံခရိုင်တွင် ဖြစ်ပွား မှုများပြီး လက်ရှိတာဝန်မှ ရပ်စဲခံရ သူများတွင် သထုံခရိုင်မှ ၆ ဦးပါသည် ဟု သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်ဇောက ပြောသည်။
၎င်းပြင် ထပ်မံတိုင်ကြားခံထားရ သည့် ၇ ဦးကိုလည်း သက်ဆိုင်ရာ မြို့ နယ်အလိုက် စစ်ဆေးရန်ညွှန်ကြားထား ကြောင်း တိုင်ကြားမှုမှန်ကန်ပါက အ
ရေးယူမှုပြုလုပ်သွားမည်ဖြစ်ကြောင်း လည် ဦးကျော်ဇောက ဆက်ပြောသည်။

မွန်ပြည်နယ်လွှတ်တော်သို့ တိုင် ကြားလာသည့်တိုင်ကြားစာများ တွင် လည်း အုပ်ချုပ်ရေးမှူးများကို အရေးယူ ပေးရန်တိုင်သည့်ကိစ္စ အများဆုံးဖြစ်
သည်ဟု လွှတ်တော်တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စီစစ် ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။
လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လုပ်ကိုင်နေကြသည့် ရပ်/ကျေးအုပ်ချုပ် ရေးမှူးများနှင့် ပါဝင်ပတ်သက်နေသူ များဌာနဆိုင်ရာများ ရပ်တန့်ကြရန်နှင့် မရပ်တန့်ပါက ဥပဒေအတိုင်းဆောင် ရွက်သွားမည်ဟု မေလပထမအပတ်က ကျင်းပပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲ တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ အေးဇံက သတိပေးပြောဆိုထားမှု ရှိ ခဲ့သည်။