ထားဝယ်မြို့သစ်မြေကွက်များတွင် အိမ်ဆောက်ရမည်

0
462

ထားဝယ်တိုးချဲ့ မြို့သစ်ရှိ အိမ် မဆောက်သေးသော မြေကွက်များပေါ် တွင် မပျက်မကွက် အိမ်ဆောက်ရန် မြေကွက်ပိုင်ရှင်များအား မြို့နယ်၊ ရက် ကွက် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေးထားကြောင်း ခရိုင်အုပ်ချုပ် ရေးမှူးထံမှ သိရသည်။

ယင်းမြေကွက်များ ချထားပေး စဉ်က အိမ်ရာတည်ဆောက်ရန် ရည် ရွယ်ခဲ့ပြီး မြေကွက်များကို ရင်းနှီးမြှုပ်နှံ မှုတစ်ခုအနေဖြင့် ဝယ်ယူထားခြင်းမှ ကာကွယ်နိုင်ရန်နှင့် ပေးထားသည့် မြေ ကွက်အား ထိုက်ထိုက်တန်တန် အသုံး ချစေလိုသဖြင့် ယခုကဲ့သို့ ညွှန်ကြားရ ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ် ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က ပြော သည်။

အိမ်အရွယ်အစား မည်မျှဆောက် ရ မည်ဟု သတ်မှတ်ချက် မပါဝင်ဘဲ မြေ ကွက်ပိုင်ရှင်၏ ဓနအင်အားအပေါ်မူ တည်ပြီး အဆင်ပြေသည့် အိမ်အမျိုး အစားများ တည်ဆောက်နိုင်ကြောင်း ဦးမောင်မောင်ဇင်က ပြောသည်။
“မြို့အင်္ဂါရပ်နဲ့ ညီအောင်တော့ သင့်တင့် လျောက်ပတ်တဲ့ အိမ်တွေ ဆောက်ရမှာပေါ့၊ ဆောက်ရမယ်ဆိုလို့ လေးတိုင်စင်လေးနဲ့ တာလပတ်လေးနဲ့ မိုးပြီး ဆောက်လို့တော့ အဆင်မပြေဘူး ပေါ့”ဟု ၎င်းကဆိုသည်။

အိမ်များကို ဩဂုတ်လမှ ဒီဇင်ဘာ ၃၁ ရက်အတွင်း တည်ဆောက်ရန် ညွှန် ကြားထားပြီး မဆောက်ပါက စိစစ်ကာ တိုင်းအစိုးရအဖွဲ့ထံ တင်ပြပြီး အဆုံး အဖြတ်ရယူသွားမည်ဟု ဦးမောင်မောင် ဇင်က ပြောသည်။
ယင်းသို့ အိမ်များ ဆောက်လုပ်ရန် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန် ပါက အစိုးရရုံးများမှလည်းကောင်း၊ တရားဝင် သတင်းမီဒီယာများမှ တဆင့် လည်းကောင်း ကြေညာသင့်သည်ဟု ဆန်းချီမြို့သစ် မြေကွက်ပိုင်ရှင်တစ်ဦး က ပြောသည်။

မြို့သစ်များတွင် ရေ၊ မီး၊ လမ်း၊ ဈေး၊ ပန်းခြံ၊ ဆေးခန်း စသဖြင့် လူနေ ထိုင်ရန်သင့်တော်သည့် အခြေခံ အဆောက်အဦများ အစိုးရမှ အရန်သင့် ဖော်ဆောင်ပေးသင့်ကြောင်း ၎င်းက ပြောသည်။
“တချို့က မြို့သစ်ထဲဝင်နေဖို့ တော်တော် စဉ်းစားနေကြတယ်၊ ဝင်နေ ဖို့က ဈေးလည်းမရှိ၊ ကျောင်းလည်းမရှိ၊ ကစားကွင်းလည်း မရှိဆိုတော့။ မြို့ သစ် စဖော်ကတည်းက ဒါတွေ ရှိခဲ့ပြီး သား လေ..၊ ဒါတွေကို အစိုးရက အရင် ဖော်သင့်တယ်”ဟု အဆိုပါ မြေကွက် ပိုင်ရှင်က ပြောသည်။

ထားဝယ် မြို့သစ်မြေကွက်များ စဖော်စဉ်က မြို့အင်္ဂါရပ်နှင့်အညီ အများပိုင်အခြေခံအဆောက်အဦနေ ရာများ သတ်မှတ်ခဲ့သော်လည်း နောက် ပိုင်းတွင် ယင်းမြေနေရာများကို ခေတ် အဆက်ဆက်တာဝန်ရှိသူတချို့က အကွက်ရိုက်ရောင်းချခဲ့ကြကြောင်း မြို့ သစ်မြေကွက်ပိုင်ရှင်များထံမှ သိ ရသည်။