ဒေသဆိုင်ကယ် လိုင်စင်ဈေးနှုန်း ထုတ်ပြန်

0
516

မှတ်ပုံတင်မဲ့ဆိုင်ကယ်များကို လုပ်ပေးမည့်ဒေသလိုင်စင်ဈေးနှုန်းများကို ဩ ဂုတ်လ ၂၂ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က အတည်ပြုပေးလိုက်
ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ထံမှ သိရသည်။

ဒေသဆိုင်ကယ်လိုင်စင်ဈေးနှုန်း ပြုလုပ်ရာတွင် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့် ခုနှစ်၊ အင်ဂျင်ပါဝါ အပေါ်မူတည်ကာ အနည်းဆုံး ငွေကျပ် ၆ သောင်းကျော်မှ အများဆုံး ကျပ် ၃ သိန်းကျော်အထိ ကျသင့်သည်။

မှတ်ပုံတင်မဲ့ဆိုင်ကယ်များကိုလာမည့်စက်တင်ဘာလ ၆ ရက်မှ စကာ တိုင်းအတွင်းရှိ ကညနရုံးများတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း တစ်နေရာ တည်း အပြီးဝန်ဆောင်မှုဖြင့် ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒေသဆိုင်ကယ်လိုင်စင်လုပ်ပေးပြီးတဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေထက် ဈေးနည်းပါတယ်”ဟု တိုင်းဒေသကြီး ကညနဦးစီးမှူးဦးထင်ပေါ်က ပြော သည်။
ဒေသဆိုင်ကယ်လိုင်စင်ပြုလုပ်ရာမှရရှိသည့်ငွေ၏ ၇၅ ရာခိုင်နှုန်းကို တိုင်းအစိုးရကရရှိမည်ဖြစ်ပြီး ၂၅ ရာခိုင် နှုန်းကို ပြည်ထောင်စုအစိုးရက ရရှိ မည်ဖြစ်သည်။
(ဈေးနှုန်းအသေးစိတ်ကို လာမည့် အပတ် တနင်္သာရီအပတ်စဉ်တွင် ဖော်ပြ သွားမည်ဖြစ်သည်။ အယ်ဒီတာ)